အပိုင်း[၁] : 'ကောင်းကင်ကြီးရဲ့အဆုံး ၊ ပင်လယ်ကြီးရဲ့အဆုံးမှာ ချန်မင်ပြန်လာပြီ'

168 29 1
                                    

အပိုင်း [၁] : 'ကောင်းကင်ကြီးရဲ့အဆုံး ၊ ပင်လယ်ကြီးရဲ့ အဆုံးမှာ ချန်မင်ပြန်လာပြီ '

သူ့ထံ၌ တပည့်လေးယောက်ရှိခဲ့ဖူးသည်။
ထို လေးဦးစလုံးသည် အရည်အချင်းပြည့်ဝ၍ ကိုယ်ပိုင်အားသာချက်များအသီးသီးရှိကြသည်။

ဘယ်လိုပဲဖြစ်ဖြစ် သူ၏တပည့်များအားလုံးသည် ရိုးသားဖြောင့်မတ် ၍ လေ့လာသင်ယူမှုကောင်းသော ဆရာသခင်များဖြစ်လာမည်ဟု တထစ်ချယုံကြည်ထားခဲ့သည် ။ ထိုသူတို့သည် အခွင့်လမ်းကောင်းများနှင့်ကြုံကြိုက်ခဲ့လျှင် ကန့်သတ်ချက်များကိုပင် ကျော်လွန် ၍ ကောင်းကင်ဘုံသို့ တက်လမ်းနိုင်လိမ့်မည် ဖြစ်သည်။

ယခု အချိန်တွင် ထိုသူများတို့သည် သာမညောင်ည လူများ အား ကျော်လွန်၍ ထင်ပေါ်ကျော်ဇော‌နေသည် ကို ကြည့်ခြင်းအားဖြင့် သူ့၏ ကနဦး ထင်မြင်ချက်မှာ အမှားယွင်းမရှိကြောင်း သိနိုင်ပေသည်။

ကံမကောင်းစွာဖြင့် —

အတိတ်အကြောင်း တွေးတောမိသည့်အခါ နားထဲတွင် တကျီကျီမြည်သံများ ချန်မင် ကြားရသည်။ ဤသည်မှာ ‌ရာချီသော ခြင် များက သူ၏ ဦးခေါင်းခွံ ထဲသို့ တိုးဝင်နေသကဲ့သို့ပင်။ စိတ်ရှုပ်ထွေးမှု နှင့် မငြိမ်သက်မှုများ ဖြစ်ပေါ်လာပြီး သူ၏ ဦးခေါင်းထဲရှိ သွေးဆင်းမှု နှင့် ချီ စွမ်းအင် လှည့်ပတ်မှု တို့အား အနှောက်အယှက်ဖြစ်စေသည်။

တစ်ချိန်တည်းမှာပင် သူ၏ ခြေလက်များ ၊ လက်ဖျားထိပ် များ နှင့် ခြေဖဝါး အတွင်းရှိ သွေးများအားလုံးသည် နှလုံး ထံသို့ ဆန်တက်လာ၍ သူ၏နှလုံးခုန်နှုန်း အား တိုးလာစေသည်။ ထိုဖြစ်ရပ်ကြောင့် သူ သွေးများအန်တော့မည့်နှယ်ပင်။ 

" တာအိုရောင်းရင်း..? အစ်ကို ချန်မင်? "

ချန်မင် မူမမှန်ဖြစ်လာသည် ကို မြင်၍ ဟယ်ရှီးယွင် စကားပြောရပ်လိုက်ပြီး သူ့အခြေအနေ အား ကြည့်ရှုရန် အရှေ့သို့တိုးလိုက်သည်။
သူ မျက်မှောင်ကြုတ်ထားသည်။ သူ့မျက်နှာမှာ အေးစက်နေပြီး သွေးမရှိတော့သည့်နှယ် ဖြူဖျော့နေသည်။ အလွန်အမင်း နာကျင်မှု အား တောင့်ခံထားသည့်အလား နဖူးတွင်ချွေး‌သီး‌ချွေးပေါက်များ စို့နေသည်။

ဝေးကွာခြင်းမှသည် ( Estranged ) | မြန်မာဘာသာပြန်Where stories live. Discover now