Part 1 (U+Z)

2K 44 5
                                    

Unicode

ဖြောင်း! ဖြောင်း!

"ဆိုးဦးမလား နှုတ်ခမ်းနီတွေ ဟမ်! ပြင်ဦးမလား မိန်းကလေးလို သူများပြင်ပေးတာခံလာဦးမလားဟမ်!"

"အီးဟီး...ဟင့် ဟင့်"

"ငိုမနေနဲ့ မေးတာဖြေစမ်း နောက်ပြင်ဦးမလား ဟမ်!"

လက်မောင်းရင်းမှဆွဲကိုင်ကာ ခြေသလုံးတို့အားကြိမ်တုတ်ဖြင့်အရိုက်ခံနေရသောကြောင့် တအင့်အင့်နဲ့သာငိုနေမိသည်။မေမေ မေးသောမေးခွန်းများကိုမဖြေလျှင်ပိုရိုက်သည်။လေးယဥ်ရောက်လာမှသာလျှင် သူလည်းမေမေ့လက်မှ လွတ်မြောက်တော့သည်။

"ဟယ် မမရယ် ကလေးကိုဘာလို့ရိုက်နှက်နေရတာတုန်း"

လေးယဥ်သည် အိမ်ပေါ်သို့ အလျင်အမြန်တက်လာကာ မေမေ့လက်ထဲမှသူ့အားဆွဲယူလိုက်ပြီး နောက်သို့ပို့ကာကိုယ်နှင့်ကွယ်ထားလိုက်သည်။

"နင်ဖယ်နေ အောင်အောင် ဒီကလေးနောက်မလုပ်ရဲအောင် မှတ်လောက်သားလောက်အောင် ဆုံးမရမယ်"

ပြောပြီးသည်နှင့် လေးယဥ်လက်ထဲမှသူ့အားလှမ်းဆွဲလာသည်။လေးယဥ်ကလည်း အပါမခံပေ သူ့အားချီကာ အိမ်ရှေ့ခြံဝိုင်းတွင်းသို့ဆင်းလာခဲ့လိုက်သည်။

"အောင်အောင် နင်ကပါငါ့ကိုဒေသထွက်အောင်လုပ်နေတာလား"

"မမ ဆုံးမရင်လည်း အေးဆေးနားဝင်အောင်ဆုံးမမှပေါ့၊ အခုလိုရိုက်နှက်နေတာကတော့ မဟုတ်သေးဘူး"

"အေးဆေးဆုံးမလို့မရလို့ပေါ့ ငါသူ့ကို အတန်တန်သတိပေးတယ် ပြောတယ်၊ ပြောနေရင်းနဲ့ကို အလေးမထားဘဲလုပ်တယ်၊ တိမ်တိုက်နွေး ခုချက်ချင်းဆင်းလာခဲ့စမ်း!"

ဒေါသကြီးစွာအော်ခေါ်လိုက်သော မေမ့အသံကြောင့် ကြောက်လန့်ကာငိုမိသည်။

"ကြည့် အငယ်လေးငိုနေပြီ၊ တော်ပါတော့ မမရယ် အငယ်လေးကြောက်နေပြီ၊ အငယ်လေးကို ငါ့အိမ်ခဏခေါ်သွားမယ် နင်စိတ်ပြေမှလာခေါ်"

"ဟဲ့ အောင်အောင် နင်ကငါ့ကိုမသိလို့လားဟမ်! ငါဒီလောက်ဖြစ်နေတာကိုကော မသိလို့လားဟဲ့! ငါကိစ္စနဲ့ပတ်သတ်ပြီး ဘယ်လောက် ဘယ်လောက်တောင်...."

တိမ်တိုက်တို့ချည်နောင်ရာ (ရပ်နား)Where stories live. Discover now