Part 5 (U+Z)

337 20 4
                                    

Unicode

နွေး ကိုပို့ပြီးပြန်လာတော့ ဖေဖေနဲ့မေမေက အိမ်ရှေ့ဘုရားခန်းတွင် ထိုင်နေကြပြီး သူ့အားလာထိုင်ဖို့ခေါ်သည်။

"သား လာထိုင်ဦး မေမေမင်းကိုပြောစရာရှိလို့"

"ဟုတ်ကဲ့"

"ရွာပြန်လာပြီး ဘာဆက်လုပ်မယ်စဥ်စားထားလဲ၊ ရထားတဲ့ဘွဲ့ကော ဒီတိုင်းထားမှာလား၊ အခုလိုပြောတာ မေမေတို့ မင်းကိုငြိုငြင်လိို့မဟုတ်ဘူးနော်၊ မင်းကို မေမေတို့လို့ လယ်သမားဘဝနဲ့ဘဲ နေထိုင်မသွားစေချင်လို့ ဒီထက်ပိုမြင့်တဲ့ နေရာမှာမြင်ချင်လို့ပါကွယ် ဒါကြောင့်ဘဲ မြို့မှာ ကျောင်းသွားတက်ခိုင်းတာမဟုတ်လား"

"သား မေမေတို့ရဲ့စေတနာကို နားလည်ပါတယ်၊ လယ်လုပ်မယ်ဆိုတာကလည်း မေမေတို့ ပင်ပန်းသက်သာအောင် တတ်နိုင်တဲ့ဘက်က ကူပေးတာပါ၊ တက္ကသိုလ်တုန်းက သူငယ်ချင်းတစ်စုနဲ့ စားသောက်ဆိုင်ဖွင့်ဖို့တိုင်ပင်ထားကြတယ် အဲ့ကိစ္စနဲ့ဘဲ နောက်နှစ်ရက်နေရင် မြို့တက်ရမယ်၊ ပြီးတော့ အိမ်မှာဘဲ online business တစ်ခုလုပ်ဖို့စီစဥ်ထားပါတယ်"

"အေးပါကွယ် သားမှာအစီအစဥ်ရှိတယ်ဆိုရင်တော့ မေမေတို့စိတ်အေးရပါတယ်"

"ချော ကို အကိုပြောသားဘဲ သားကသူ့အစီအစဥ်နဲ့သူပါလို့"

"ပြီးတော့ သား တစ်ခုလောက်  ကြိုခွင့်တောင်းစရာရှိပါသေးတယ်"

နှစ်ယောက်သား အဖြေပြန်မပေးဘဲ ရှိုင်းပြောလာမည့် စကားကိုသာစောင့်နေကြသည်။

"ဟို အချိန်တော့ကြာဦးမှာ ဆိုပေမယ့် အဲ့အချိန်ကျရင် သားကို ယောကျာ်းလိုက်တောင်းပေးပါ"

"ဟေ ဘယ်လို ကိုရှိုင်း"

မေမေကတော့ မျက်လုံးပြူးမျက်စံပြူးဖြင့် အံ့သြသွားသော်လည်း ဖေဖေကကြိုသိနေသည့်အလား တုန်လှုပ်ဟန်မပြပေ။

"အကို ကျွန်မ နားကြားများမှားတာလားရှင်"

"ချော ကြားတာ အကိုလည်းကြားတယ်"

ဖေဖေကပြန်ဖြေတော့ ရှိုင်းလက်မောင်းအား နှစ်ချက်လောက်ရိုက်လာသည်။

တိမ်တိုက်တို့ချည်နောင်ရာ (ရပ်နား)Where stories live. Discover now