Part 4 (U+Z)

262 20 2
                                    

Unicode

ယနေ့ ဒေါ်လေးမေချောအိမ်တွင် ကိုရှိုင်းတို့ သူငယ်ချင်းအုပ်စုနှင့် လူစည်နေသည်။နံနက်ခင်း ပျိုးသွားကျဲရာမှ ချစ်ဆန်းနှင့်တွေ့ပြီး "နင့်သူငယ်ချင်း ပြန်ရောက်နေပြီ"ဟု ပြောပြီးပြီးချင်း အုပ်စုလိုက်ရောက်လာခြင်းဖြစ်သည်။

"မတွေ့တာကြာတော့ ငါ့မောင်လေးက ချောလာလိုက်တာ မြို့သားလေးအတိုင်းဘဲ"

"ကျွန်တော်က ငယ်ငယ်ကတည်းက ချောပြီးသားဆိုတော့ ပိုချောသွားတာပေါ့"

"ကိုရှိုင်း နင်ဟာလေ မြှောက်လို့ကိုမရဘူး"

"မုန့်ကျွေးရမှာစိုးလို့လေ ဟဲဟဲ"

"အဲ ပြောကာမှ နင်ငါတိို့အတွက် ဘာတွေပါလာလဲ"

"ထွေထွေထူးထူး ဘာမှတော့ပါမလာဘူး နွေး အတွက်ဘဲပါတယ်"

ထိုစကားကြောင့် ချစ်ဆန်းတို့တစ်ဖွဲ့လုံး မျက်နှာများရှုံ့မဲ့သွားကြလေသည်။

"အမလေးဟဲ့ တိမ်တိုက်အတွက်ဆိုတာချည်း အဲ့အကျင့်က တစက်မှမပြောင်းဘူး"

စကားထဲတွင် "နွေး" ပါလာတော့မှ အုပ်စုထဲ နွေး မရှိသည်ကို သတိရမိသည်။ချစ်ဆန်းကိုမေးတော့ "တိမ်တိုက်က ဒီချိန်ဆို ပဲရုံကိုသွားပြီးကြီးကြပ်တယ်" ဟုပြောသည်။ဒါကြောင့် မနက်က နွေးအိမ်ဘက် လှမ်းကြည့်တော့ ဒေါ်လေးတို့လင်မယားသာမြင်ရတာပင်။ညကလည်း ခြံဝရောက်သည်နှင့် တံခါးပိတ်ကာ လူကိုတောင်နှုတ်ဆက်လှည့်ကြည့်ခြင်း မရှိဘဲ အိမ်ထဲသို့ တစ်ချိုးတည်းတန်းဝင်သွားသည်။မမြင်တာကြာတော့ ဒီလူ့ကို စိမ်းနေသည်ထင်။

"စကားဆက်မိလို့ ပြောရဦးမယ် ကိုရှိုင်းရေ  ဒေါ်လေးအေးကလေ တိမ်တိုက်ကို အရမ်းတင်းကြပ်တာနော်၊ ဒီအချိန်သွား ဒီိချိန်ပြန် အလည်အပတ်ထွက်တာမပြောနဲ့ အကြောင်းမရှိဘဲခြံပြင်ထွက်တာတောင်မကြိုက်ဘူးဟေ့၊ တစ်ခုခုဆိုလည်း ဒေါ်လေးကိုအရင်ခွင့်တောင်းနေရတာ တစ်ခါတစ်လေရွာမှာပွဲစျေးလာလုပ်တာတို့ မြို့ပေါ်တက်ပြီးလည်ထွက်တာတောင် လေးယဥ်နဲ့ငါတို့မနည်းကူပြောပေးရတာ အမလေး ဒေါ်လေးချုပ်ချယ်ချက်က ငါတော့လက်လန်တယ်၊ သမီးမိန်းကလေးမွေးထားတဲ့ ငါ့အဖေတောင် အဲ့လောက်မဟုတ်ဘူး"

တိမ်တိုက်တို့ချည်နောင်ရာ (ရပ်နား)Where stories live. Discover now