Part 3 (U+Z)

279 21 2
                                    

Unicode

"သေချာဆုံးဖြတ်ပြီးပြီလား သား၊ မင်းမိဘတွေကော လက်ခံရဲ့လား"

"မေမေတို့ကိုလည်း အရင်ကတည်းက ပြောပြထားပြီးသားပါ၊ မေမေတို့ကလည်း ခွင့်ပြုပါတယ်"

"အင်းလေ ဟုတ်ပါပြီ ၊ ဒါဖြင့် ဘယ်တော့သွားမှာလဲ"

"သဘက်ခါပါ မနက် (၅) နာရီကားနဲ့ပြန်ဖို့လုပ်ထားပါတယ်"

တဖက်မှ အသေအချာဆုံးဖြတ်ပြီးသည့် အရိပ်အယောင်များတွေ့ရသည်မို့ ဦးခင်ဇော် လက်လျှော့လိုက်သည်။အရည်အချင်းပြည့်မှီပြီး ခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ် အလားအလာရှိသည့်ကလေးအား လက်လွတ်ဆုံးရှုံးရမည် ဖြစ်သော်လည်း ဘယ်တတ်နိုင်ပါ့မလဲ။သူကမှ ကိုယ်တွေနဲ့မနေချင်ဘဲ။ဒီကလေး ရွာကိုအဲ့သလောက်တောင်ခင်တွယ်ရသလား။

"ကိုကို ကိုကို ရွာပြန်ရင် မဒီလည်း လိုက်ခဲ့မယ်နော် ရတယ်မလား"

"ဟဲ့ နင်ကဘာလိုက်လုပ်မှာတုန်း"

"ကိုကိုတို့ ရွာကိုလိုက်လည်ချင်လို့လေ တစ်ခါမှလည်းမရောက်ဖူးဘူး နော် မဒီ့ကိုခေါ်မယ်မှတ်လား"

"ခေါ်လို့ကရတယ် ဒါပေမယ့် မဒီ သင်တန်းမှ မပြီးသေးဘဲ"

"အာ ဟုတ်သား ရပါတယ် နှစ်ပတ်ဘဲကျန်တော့တာ"

"ဘာ ရပါတယ်လဲ ညည်းသင်တန်းအတွက် ငါ့ပိုက်ဆံတွေကုန်ခံထားရတာ၊ သွားချင်ရင် သင်တန်းပြီးမှသွား"

"ဟွန်း ဖေဖေကလည်း..."

"ဘာမှ ဖေဖေကလည်းမနေနဲ့ သွားချင်သင်တန်းပြီးမှသွား မဟုတ်ရင်မသွားရဘူး၊ ပြီးတော့ ကိုရှိုင်း"

"ဟုတ်ကဲ့ လေးလေး"

"မနက်ဖြန်ကျ မင်းမိဘတွေအတွက် လက်ဆောင်ဝယ်ထည့်ပေးလိုက်မယ် မင်းအတွက်ကောဘဲ၊ မနက်သွားခါနီးကျ ယူသွားလိုက်"

"ဟာ ရပါတယ် လေးလေးရဲ့ အားနာစရာဗျာ"

"အားနာမနေနဲ့ မင်းမိဘတွေနဲ့ ငါက ဆယ်ခါ တစ်ခါမှ တွေ့ဖြစ်ကြတာ ပြီးတော့ မင်း၊ ရွာပြန်သွားရင် မြို့ကိုယောင်လို့တောင် လာမယ့်ကောင်မဟုတ်တာ ငါသိတယ် ငြင်းမနေနဲ့"

တိမ်တိုက်တို့ချည်နောင်ရာ (ရပ်နား)Where stories live. Discover now