(ဤfictionတွင် ပါဝင်သော နေရာဒေသ၊အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးနှင့်သာရေးသားထားခြင်းပါသည်။)
ရွှေစွန်ညို ဘာကိုလိုလို့ ဝဲပါတယ်။
မထွေးလိုလို့ ဝဲပါတယ်။မထွေးမပါ တို့ချည်းသာ
ပါ ပါလျက်သား နောက်ကထား။မထွေးအသား ခါးလှတယ်
ချောင်းငယ်ရေနဲ့ ဆေးပါ့မယ်။ချောင်းငယ်ရေချမ်း နွေမှာခမ်း
မြစ်ငယ်ရေနဲ့ ဆေးပါ့မယ်။မြစ်ငယ်ရေချမ်း နွေမှာခမ်း
ပင်လယ်ရေနဲ့ ဆေးပါ့မယ်။ပင်လယ်ရေချမ်း နွေမှာခမ်း
ပင်လယ်ရေ ဘယ်မခမ်း
မထွေး အမိဖမ်း။"ဝေး...ပြေး ပြေး"
"မိတော့မယ် ဟေ့!"
လယ်ထဲကောက်စိုက်ဆင်းကြသော လူကြီးများမှ ပါလာသည့် ကလေးတစ်စု လယ်ကွင်းပြင်ထဲ၌ ဆော့ကစားနေခြင်း။ထိုထဲတွင် နွေးတို့လည်းပါဝင်ပြီး စုစုပေါင်း ကလေး (၁၃) ယောက်ရှိသည်။ရွှေစွန်ညို ဆော့ရာတွင် နွေးတို့ထက်ကြီးသော ကလေးများမှာ ရှေ့၌တန်းစီကြပြီး အငယ်လေးများမှာ အစဥ်လိုက်ဖြစ်သည်။နွေး ကိုမူ အားလုံးထဲတွင် အသေးဆုံး ဖြစ်၍ မယ်ထွေးလေးလုပ်စေသည်။ရွှေစွန်ညို လုပ်သူမှာတော့ စန်းနုဖြစ်သည်။ကလေးဖြစ်သည့်အလျောက် မမောနိုင်မပန်းနိုင် ကစားနည်း တစ်ခုပြီးတစ်ခု ဆော့ကစားကြပြီး ထမင်းမေ့၊ဟင်းမေ့နှင့်ပင်။လူကြီးများမှ ထမင်းစားရန် ဆော်သြတော့မှ လူစုကွဲတော့သည်။
"ညနေကြရင် ငါနဲ့စန်းနု ကျောက်တန်းစေတီဘက် သွားမလို့ နင်တို့လိုက်ကြဦးမလား"
"ဟွန်း အမ ကိုကြီးသူရနဲ့ သွားတွေ့မလို့မလား မသိတာကြ"
အဖွဲ့ထဲ၌ အကြီးဆုံးလည်းဖြစ် အပျိုပေါက်လေးလည်း ဖြစ်သည့် ရတနာ့စကားအား ချစ်ဆန်းမှ ပြန်ပြောလိုက်သည်။ရလဒ်ကတော့ ခေါင်းခေါက်ခံလိုက်ရသည်။
"ဟဲ့ မဟုတ်တာမပြောနဲ့ ခရေတွေပွင့်နေတာ သွားကောက်မလို့...ပြီးတော့ တနေ့က ငါကြည့်ခဲ့တာ ပိတောက်တွေတောင် ပွင့်တော့မယ် အခုလောက်ဆို ပွင့်နေလောက်ပြီ"
YOU ARE READING
တိမ်တိုက်တို့ချည်နောင်ရာ (ရပ်နား)
Romanceတိမ်တိုက်နွေး + ရှိုင်းရတုနောင် နွေးနဲ့ရှိုင်းတိို့ရဲ့ ကမ္ဘာလေးထဲကိုအလည်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ဗျ