(Unicode)
2014ခုနစ်February,14ရက်နေ့
ပြင်သစ်နိုင်ငံ Parisမြို့၌ညနေ၆နာရီမှစ၍ညဘက်ထိ လူစည်းကားလေ့ရှိသောNight marketတခုတွင် စျေးသည်များ၏ဆိုင်ခန်းများတွင်အလှဆင်ထားသောအသုံးအဆောင်များမှာ အသည်းပုံများနှင့်နှင်းဆီပန်းများဖြစ်သည်။
ပန်းပွင့်လေးတစ်ယောက်ညနေဘက်ဖေဖေထားပေးထားသော ကိုယ်ခံပညာအတန်းပြီးချိန်တွင် မိဘနှစ်ပါးလုံးမအားလပ်သဖြင့် လာမကြိုသောကြောင့်တစ်ယောက်တည်းအိမ်သို့ပြန်နေခဲ့ရသည်။သူသည်ညနေသင်တန်းဆင်းချိန်တိုင်း ဒီစျေးကနေဖြတ်ပြီးပြန်မှသူအိမ်သို့ရောက်နိုင်မည်ဖြစ်သည်။ တခြားလမ်းကနေအိမ်သို့မပြန်ချင်သလို ဖေဖေသည်လည်းဒီလူများသောစျေးကနေသာပြန်လာခိုင်းလေ့ရှိသည်။ဖေဖေပြောတာတော့လူအများကြားကနေပြန်လာရင် တခုခုအန္တရာယ်ဖြစ်လာလို့ ဘာမှမလုပ်နိုင်ရင်တောင် အနည်းဆုံးအကူအညီတောင်းလို့ရနိုင်သေးသည်ဟုပြောဖူးသည်။ဒါကြောင့်လည်းသူသည်ညနေတိုင်း ဒီညစျေးကနေသာဖြတ်ပြန်ရတော့သည်။
သို့သော်ဒီနေ့သည် နိုင်ငံတကာချစ်သူများနေ့ဖြစ်သဖြင့် ဤစျေးတွင်လူများအတော်စည်ကားနေကာ ဆိုင်ခန်းများလည်းပိုများနေသလိုခံစားနေရသည်။ပန်းပွင့်လေးသည်ချစ်သူများနေ့ဆိုတာကို အသက်၁၁နှစ်အရွယ်နှင့်နားလည်ရမည်ဆိုလျှင် ကိုယ်ချစ်သောမိသားစုဝင် သို့မဟုတ် တစ်စုံတစ်ယောက်ကိုပန်းစည်းပေးနိုင်သလိုထိုသူနှင့်လည်း ထာဝရမဟုတ်ရင်တောင် ချစ်သူများနေ့တစ်နေ့တာတွင်တော့ ကောင်းမွန်စွာဖြတ်သန်းနိုင်သည်ဟုမေမေကပြောဖူးသဖြင့် သူသည်ထိုသို့သာနားလည်ပါသည်။ပန်းပွင့်လေးသည် ဖြူဖွေးသောအသားအရည်တွင်နို့နှစ်ရောင်ရှပ်အင်္ကျီလေးနှင့် အနက်ရောင်ဘောင်းဘီတိုလေးကိုဝတ်ဆင်ကာ လွယ်အိတ်အဝါရောင်လေးလွယ်ထားလျက်နှင့် ခေါင်းလောင်းဦးထုတ်အနီလေးလည်းဆောင်းထားသေးသည်။ပန်းပွင့်လေးသည်ကလေးတစ်ယောက်ပီပီစူးစမ်းတက်သဖြင့် ခေါင်းလေးလည်ကာ လျှောက်လာသောစျေးတန်းထဲရှိဆိုင်ခန်းများကိုငေးမောနေသေးသည်။ထိုစဥ်သူ၏မျက်ဝန်းလေးများကိုဖမ်းစားလိုက်သောအရာသည် ပန်းရနံ့ပေါင်းစုံ ထုံသင်းနေသောပန်းဆိုင်ကြီးတစ်ဆိုင်သာဖြစ်သည်။
ပန်းပွင့်လေးသည်ထိုဆိုင်ရှေ့တွင်မိနစ်ပိုင်းမျှရပ်တန့်ကာငေးမောနေမိသည်။သူ့အတွေးထဲတွင်လည်း သူ့မေမေသည်ပန်းများကိုကြိုက်နှစ်သက်သောသူဖြစ်တာကြောင့် သူ့တွင်ရှိသောမုန့်ဖိုးလေးနှင့်မေမေအားချစ်သူများနေ့တွင် ပန်းစည်းလက်ဆောင်ပေးဖို့ရင်စဥ်းစားနေခဲ့သည်။ထို့နောက်တွင်တော့ပန်းပွင့်လေးသည်ဆိုင်ထဲဝင်ရန် ဆုံးဖြစ်လိုက်တော့သည်။
YOU ARE READING
Beauty And His Mafia
DiversosWarning!🔞 Adult fiction! (Unicode + Zawgyi) "Honey~~ You can't escape from mafia guy. cuz' I did knotted to you...Forever" Mr.Mafia Loey