Chapter-3

320 29 7
                                        

(Unicode)

2021ခုနစ်December,31ရက်နေ့
Londonမြို့ရှိနာမည်ကြီးhotelတခုဖြစ်သောRoyal Lancaster Londonတွင်

နှစ်ဟောင်းကုန်လို့နှစ်သစ်ကူးအခါသမယတွင်ကျင်းပပြုလုပ်သောNew Yearပွဲတော်တွင်
Englandနိုင်ငံမြို့တော်ဝန်Graham Hillarကိုယ်တိုင်ဦးစီးကျင်းပသောMask event partyကို နယ်ပယ်အသီးသီးက ထင်ပေါ်ကျော်ကြားသောစီးပွားရေးလုပ်ငန်းရှင်များ၊ဒိတ်ဒိတ်ကြဲBillionaireများ၊အနုပညာရှင်များ၊အားကစားသမားများနှင့်အခြားသောဝန်ကြီးများတို့လည်းတက်ရောက်လာခဲ့ကြသည်။ထိုထဲတွင်underground worldရှိMafiaများနှင့်Gangsterများလည်းတက်ရောက်လာခဲ့ကြသည်။

တက်ရောက်လာကြသူများသည်Mask event partyဆိုတဲ့အတိုင်းရောင်စုံမျက်နှာဖုံးများဝတ်ဆင်ထားသလို အသိုင်းအဝိုင်းကြီးတဲ့မျိုးရိုးအဆင့်အတန်းကိုဖော်ပြသော အဝတ်အစားများလည်းဝတ်စားထားကာ ပွဲအတွင်းတွင်အရောင်အသွေးစုံလင်လှပေသည်။ထိုထဲတွင် သာမန်သူများထက်အရပ်အမောင်းပိုမြင့်ပြီးရှည်လျားသောခြေတံများနှင့်ကိုယ်လုံးကိုယ်ပေါက်ထွားသောလူတစ်ဦးရှိလေသည်။ထိုလူသည်ရွှေဝါရောင်ဆံနွယ်များကိုဂျယ်လ်ဖြင့်သေချာသပ်တင်ထားသဖြင့်ပြောင်ရှင်းနေသောနူဖူးပြင်၊ရွှေဝါရောင်ရှိပြီးထူထဲသောမျက်ခုံးမွှေးများ၊ဝိုင်းစက်ပြီးမျက်ရစ်ပေါ်ကာစိမ်းပြာရောင်ရှိနေသောမျက်ဝန်းဝိုင်းများ၊ထုဆစ်ပုံဖော်ထားသကဲ့သို့ဖြောင့်စင်းနေသောနှာတံ၊ရေဓါတ်ပြည့်ဝလို့သွေးရောင်လွှမ်းနေသောနှုတ်ခမ်းဖူးဖူး၊အနည်းငယ်ဖောင်းနေသယောင်ပါးများကို သွယ်စင်းသောမေးရိုးထင်းထင်းတို့ကခြံရံထားသဖြင့်ထိုလူ၏ မျက်နှာအသွင်အပြင်သည်အပြစ်ဆိုရက်စရာမရှိ​အောင်ကိုချောမောပေသည်။ထိုလူဝတ်ဆင်ထားသောlong coat၏ကော်လံနေရာတွင်သိုးမွေးအနက်ရောင််များရှိနေပြီးရင်ဘတ်နေရာတွင်လည်းရွှေဖြင့်ပြုလုပ်ထားသောနဂါးပုံရင်ထိုးလည်းပါရှိသည်။ထိုlong coatသည် Chanelကထုတ်တဲ့တစ်ကမ္ဘာလုံးတွင်၅ထည်သာရှိသော limited editionသာဖြစ်သည်။အတွင်းပိုင်းတွင်လည်းအကောင်းစားsuitအနက်ရောင်ဝမ်းဆက်ဝတ်ဆင်ထားပြီး စီးထားသောရှုးဖိနပ်သည်လည်းရှားပါးတဲ့ မီချောင်းမျိုးစိတ်၏အရည်ခွံများနှင့်ပြုလုပ်ထားသော တန်ဖိုးကြီးဖိနပ်တစ်စုံဖြစ်သည်။တစ်ကိုယ်လုံးကိုခြုံငုံကြည့်လိုက်လျှင်ထိုလူသည်ဒိတ်ဒိတ်ကြဲBillionaire မျိုးရိုးမြင့်အထက်တန်းကနေ ဆင်းသက်လာတဲ့သူမှန်းကြည့်လိုက်ရုံဖြင့်သိနိုင်သည်။ပွဲခင်းထဲရှိပျိုမဒီတို့၏အကြည့်များကိုဖမ်းစားထားနိုင်သော ထိုလူသည်​တော့အေးစက်သောရေခဲရိုက်မျက်နှာကိုငွေရောင်ငှက်မွှေးပါရှိသောအနက်ရောင်မျက်နှာဖုံးကိုဝတ်ဆင်ကာ သူ့ထံလာရောက်မိတ်ဆက်သူများကိုလည်းပြန်လည်ရယ်ပြပြုံးပြချင်း တစိုးတစိမျှမရှိပဲခေါင်းသာငြိမ့်ပြလေသည်။ဘေးနားရှိXenonသည်လည်းကာကီရောင်Suitနှင့်အညိုရောင်long coatကိုဝင်ဆင်ထားကာ ထိုလူ့နည်းတူချောမောနေလေသည်။မတူတာဆိုလို့ ခပ်တိုတိုနီညိုရောင်ဆံပင်များ၊V shapeမေးရိုးနှင့်လခြမ်းလိုမျက်ဝန်းညိုများသာဖြစ်လေသည်။

Beauty And His MafiaWhere stories live. Discover now