Chapter-1

678 34 8
                                    

(Unicode)

2011ခုနစ်June,8ရက်နေ့
တောင်ကိုရီးယားနိုင်ငံSeoulမြို့လယ်၌

လူကုန်ထံအသိုင်းအဝိုင်းများနေထိုင်ရာဂန်နမ်ရပ်ကွက်အတွင်းရှိနှစ်ထပ်တိုက်အိမ်အဖြူရောင်လေးတစ်ခုတွင်ဖြစ်သည်။

"ဒီနေ့ကျောင်းမှာစာသေချာလုပ်ခဲ့ရဲ့လား
ပန်းပွင့်လေး?"

အမျိုးသမီးတစ်ဦးသည်ကလေးငယ်တစ်ဦးအားထမင်းခွံ့ကျွေးကာမေးလိုက်ခြင်းဖြစ်သည်။ထိုအခါပန်းပွင့်လေးဆိုသောကလေးငယ်သည်ပါးစပ်ထဲရှိထမင်းများကိုကြေညက်အောင်ဝါးနေရင်းဖြင့်ပြန်ဖြေလာခဲ့သည်။

"ဟုတ် အိုမား!သားစာသေချာလိုက်လုပ်ခဲ့ပါတယ်"

ဟုတ်ပါသည်။
ပန်းပွင့်လေးဆိုသောကလေးငယ်သည်အသက်၈နှစ်အရွယ်ကောင်ငယ်လေးဖြစ်သည်။ထိုအခါအိုမားဆိုသူအမျိုးသမီးသည်အပြုံးတစ်ခုကိုနှုတ်ခမ်းထက်၌ချိတ်ဆွဲကာ ကလေးငယ်၏ခေါင်းလေးအားပွတ်သပ်ပေးလာခဲ့သည်။ပန်းကလေးလိုနူးညံ့တာကြောင့်ပန်းပွင့်လေးဆိုပြီးအိမ်ခေါ်နာမည်ပေးထားခြင်းဖြစ်သည်။သူမသားလေးသည်ထူးခြားသောပုံပန်းသွင်ပြင်နှင့်ရှားပါးဖြစ်စဥ်လို့ပဲဆိုရမလား မည်သူတစ်ဦးတစ်ယောက်မျှပိုင်ဆိုင်ထားခြင်းမရှိသောခရမ်းနုရောင်ဆံနွယ်လေးများရှိသည်။သူမတို့သည်ကိုရီးယားလူမျိုးစစ်စစ်ဖြစ်သည်။သို့သော်သူမတို့မျိုးရိုးတွင်ကော သူမယောကျာ်းမျိုးရိုးတွင်လည်းထိုသို့သောရှားပါးသည့်မျိုးစိတ်ရှိသောomegaမျိုးမရှိပေ။၁၀၀မှာတစ်ယောက်သာလျှင်မဖြစ်နိုင်သောအလွန်ရှားပါးဖြစ်တည်မှုမျိုးနှင့်သူမသားလေးသည်ယောကျာ်းလေးတန်မဲ့နူးညံ့လှပစွာမွေးဖွားလာခဲ့သည်။ဖယ်ရိုမုန်းအနံ့သည်လည်းမက်မွန်သီးနှင့်လာဗန်ဒါပန်းရနံ့တို့ပေါင်းစပ်ထားသောရှားပါးထူးခြားသည့်ရနံ့တစ်မျိုးကိုပိုင်ဆိုင်ထားသေးသည်။ထို့ကြောင့်သူမသည်သားလေးကိုပြောမပြတက်အောင်ချစ်မြတ်နိုးရသလို စိတ်ချနိုင်စွမ်းလည်းမရှိပေ။
သူမအတွေးတွေကိုရပ်တန့်လိုက်ကာ....

"ငါတို့ပန်းပွင့်လေးကတော်လိုက်တာ! ဆုချတဲ့အနေနဲ့ညကျရင်အိုမားကအုန်းနို့ပူတင်းလုပ်ကျွေးမယ်"

Beauty And His MafiaWhere stories live. Discover now