Chapter- 1

417 47 4
                                    

UNICODE

နင်းချန်း၏ နွေရာသီက ကြာရှည်ပြီး ပူလောင်လှသည်။

တစ်နှစ်လုံးမှာ ကျန်းယုမို အကြိုက်ဆုံးရာသီကတော့ နွေရာသီဖြစ်သည်။ ဘာလို့လဲဆိုတော့ သူမရဲ့ အိပ်ခန်းတံခါးကို ပိတ်ထားခွင့်ရလို့ ဖြစ်သည်။

ကျန်းယုမိုက မိသားစုထဲမှာ တစ်ဦးတည်းသော ကလေးဖြစ်ကာ သူမမိဘတွေ သူမကို ပေးသည့် အချစ်အား ပျော်ရွှင်စွာ ခံစားရသည်။ ဒါပေမယ့် အာရုံစိုက်မှုကိုလည်း သည်းခံရသေးသည်။ ကံကောင်းစွာနှင့် မူလတန်းကျောင်း၏ ပထမတန်းထဲက စပြီး သူမက စာလေ့လာရာမှာ မထူးချွန်ဘူးဆိုတာ သူမမိဘတွေအား သက်သေပြနိုင်ခဲ့လို့ သူမက ထိပ်ဆုံးကျောင်းသူဖြစ်လာဖို့ မျှော်လင့်ချက်တွေ သူမမိဘ‌တွေ၌ မရှိတော့ပေ။ ရက်အနည်းငယ်အတွင်းမှာ သူမက အထက်တန်း တတိယနှစ်အား တက်ရတော့မည်ဖြစ်သည်။ ကျောင်းသူတစ်ယောက်အနေနှင့် အိမ်မှာ စစ်ပွဲအတွက် ပြင်ဆင်ရမည့် ပြင်းထန်သည့် လေထုမရှိသော်လည်း သူမက လေးနက်စွာ စာလုပ်တယ်ဆိုတာကတော့ ဟန်ဆောင်ပြရသေးသည်။ ဤအချိန်မှာ သူမက သူမသူငယ်ချင်းဆီမှ ငှါးလာသည့် ဝတ္ထုကို တရုတ်စာမေးပွဲစာရွက်အောက်မှာ ဖွက်ပြီး ဖတ်နေမှန်း သူမ အမေမသိပေ။ သူမအံဆွဲထဲမှာတော့ Slide Phone ရှိနေသည်။

ဖုန်းက အကြိမ်အနည်းငယ်လောက် တုန်ခါသွားသည်။

ကျန်းယုမိုက သတိထားပြီး ကြည့်ကာ သူမအမေက Surprise Attack မလုပ်ဘူးဆိုတာ အတည်ပြုပြီးမှ ဖုန်းကို ခိုးထုတ်လိုက်သည်။

စာအသစ်ဝင်နေတာဖြစ်သည်။

[ပေးပို့သူ: DY

အပြင်သွားချင်လား? ငါ မင်းကို လာကြိုမယ်]

ကျန်းယုမိုက တုန့်ဆိုင်းသွားသည်။

ကျောင်းက စဖွင့်တော့မည်ဖြစ်လို့ သူမက လိမ္မာစွာနှင့် အိမ်မှာ အနေပြရမည်။ မနက်ဖြန်က သူမရဲ့ ၁၇နှစ်ပြည့်မွေးနေ့ဖြစ်ကာ သူမက သူမအတန်းဖော်တွေ သူငယ်ချင်းတွေနှင့် မွေးနေ့လုပ်မည်ဖြစ်ကြောင်း သူမမိဘတွေအား ပြောထားပြီးပြီဖြစ်သည်။ သူမက ဒီညအပြင်ထွက်ရင် သူမအမေက ကန့်ကွက်လိမ့်မည်ဖြစ်ပြီး မနက်ဖြန်ထွက်ခွင့်ပါ အပိတ်ခံလိုက်ရမည်ဖြစ်သည်။

နှလုံးသားထဲက အချစ်ဦးWhere stories live. Discover now