00

586 26 0
                                    

00. the end and the beginning

ပတ်ဆောင်းဟွန်း သေသွားပြီ။ ပတ်ဆောင်ဟွန်းရဲ့ အစ်မအရင်းဆီကနေ တိုပြတ်ပြတ် နားရေးအကြောင်းစာ တစ်စောင် ရောက်လာခဲ့သည်။ မက်ဆေ့ချ်ကို ကြည့်ပြီး ရှင်းဂျယ်ယွန်းဟာ အချိန်အတော်အကြာ ငြိမ်သက်နေမိသည်။

အိမ်က‌နေထွက်လာ‌တော့ သန်းခေါင်အချိန်ကိုတောင် ကျော်လွန်နေပြီ။ မိုးတွေကျလာသည်။ တကယ်ကို မလိုက်ဖက်စွာပဲ မိုးက သည်းထန်စွာ ကျဆင်းလာသည်။

‌ထောင်ထားတဲ့ ဓာတ်ပုံကို မျက်နှာချင်းဆိုင်လိုက်ရ‌တော့ ရှင်းဂျယ်ယွန်းဟာ အခုမှပဲ လက်တွေ့ကိုသိလိုက်ရသည်။ ဝမ်းနည်းပူဆွေးပြီး အမည်းရောင် ဝတ်စုံများနဲ့ ကန်တော့နေကြတဲ့ မိသားစုဝင်တွေကြားထဲမှာ အီဟီဆွန်းရှိနေတာကို မြင်လိုက်ရသည်။ အသိစိတ်ကင်းလွတ်နေသလို မျက်နှာနဲ့ အေးစက်နေသော ကြမ်းပြင်ကိုပဲ ကြည့်နေလေသည်။ ရှင်းဂျယ်ယွန်းဟာ စိတ်ထဲညစ်ပတ်သွားသလို ခံစားလိုက်ရသည်။

အာရုံတက်အချိန်ရောက်လာတော့ နာရေးလာသူများ လျော့ပါးလာသည်။ ပတ်ဆောင်ဟွန်းရဲ့ နာရေးဆိုပေမယ့် တကယ်တမ်း ပတ်ဆောင်ဟွန်းရဲ့ အသိတွေ အဲ့လောက်မများခဲ့ဘူး။ သားကို အရင်ပို့လိုက်ရတဲ့ ပတ်ဆောင်ဟွန်းရဲ့ မိဘတွေဟာ စကားတစ်ခွန်းမျှ မပြောနိုင်ကြပေ။ စျာပနကို နှစ်ဆက်တိုက် ပြုလုပ်ခဲ့သည်။ ရှင်းဂျယ်ယွန်းဟာ ဈာပနပွဲ ထောင့်မှာ နှစ်ရက်ဆက်တိုက် ငြိမ်ငြိမ်လေး ထိုင်နေခဲ့သည်။ အီဟီဆွန်းလိုမျိုး မျက်ရည်လေး ကျရင် ကောင်းမိမယ်ထင်တယ် မျက်ရည်လည်း မကျမိပါ။ ဖုန်းထဲမှာကျန်နေတဲ့ ပတ်ဆောင်ဟွန်းရဲ့ miss call အခုထိ ထင်ရှားနေသည်။ တဖြေးဖြေး မှောင်လာရင်းကနေ ပိတ်သွားတဲ့ ဖုန်းကို ထပ်ဖွင့်ပြီး နှစ်ရက်အကြာက miss call ကို ထပ်ကြည့်ခြင်းကို ထပ်ခါထပ်ထပ်ခါ ပြုလုပ်နေမိသည်။ အသုံးမဝင်လိုက်တာ။ ငါတို့ရဲ့ နောက်ဆုံးက မကိုင်ဖြစ်လိုက်တဲ့ ဖုန်း‌ကောလ်တဲ့လား။ အဲ့တာကြောင့် မျက်ရည်တောင် မကျဖြစ်လိုက်ပါဘူး။ ရှင်းဂျယ်ယွန်းဟာ မငိုတဲ့ ကိုယ့်ကိုယ်ကို နဲနဲ ကြောက်မိလာသလို ခံစားလာရသည်။

SecretWhere stories live. Discover now