03. the secret
ချိန်းထားတဲ့ အချိန်ထက် ဆယ်မိနစ် ကြိုရောက်ပြီး ကဖေး တံခါးကို ဖွင့်ဝင်လာတဲ့ ဂျယ်ယွန်းရဲ့ မျက်စိရှေ့မှာတော့ သူ့ထက်ကို စောရောက်နေပြီး ခြေချိတ်ထိုင်နေတဲ့ ဟီဆွန်းကို မြင်လိုက်ရသည်။ အစင်းကျား ကုတ်အင်္ကျီ အရှည်နှင့် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားသည်။
"အစောကြီး ရောက်နေတာပဲ"
"မင်းလည်း အစောကြီး ရောက်လာတာပဲ"
နေ့အလင်းရောင်နဲ့ ကြည့်လိုက်တော့ ဟီဆွန်းရဲ့ အေးစက်တဲ့ အငွေ့အသက်ဟာ ပိုပြီး ထင်ပေါ်လာသည်။ စားပွဲပေါ်တွင် ဂျယ်ယွန်းအတွက် ကော်ဖီပူပူ တစ်ခွက် ချထားလျက် ရှိသည်။
"ဆောင်းဟွန်းလေးဆီကို မပြောပြခဲ့ဘူး၊ မင်းနဲ့ တွေ့တာကို"
"ပြောပြမလို လုပ်ပြီးတော့ ထင်မထားဘူး"
"အဲ့လိုဟာတွေပြောရမယ့် ဆက်ဆံရေးမဟုတ်လို့"
"ဘယ်လိုဖြစ်ဖြစ်.... အချိန်ပေးလို့ ကျေးဇူးပါ"
"မင်း တကယ်ကို စိတ်တည်ငြိမ်လွန်းတယ်"
"......."
"ငါတို့နဲ့ မတူဘူး၊ အဲ့တာကြောင့် ဆောင်းဟွန်းက မင်းကို စိတ်ဝင်စားသွားတာ နေမှာ"
ငါတို့.......
"အာ, ပတ်ဆောင်းဟွန်း လူမိုက်တွေနဲ့ တွေ့လာတာလား? ဖုန်းလည်းမပါ ကုတ်အင်္ကျီလည်း ပျောက်ပြီးတော့ ယောက်ယက်ကို ခက်နေရော"
"ကျွန်တော် ဆောင်းဟွန်းကို သဘောကျတယ်"
"သိတယ်"
ဟီဆွန်းက ဖုန်း notification ကို စစ်ကြည့်ပြီးတော့ အရေးမပါသလို သိတယ်, လို့ပြန်ပြောသည်။
"သဘောကျတာ ကြာနေပြီ နှစ်ဆယ့်တစ်နှစ် ကတည်းက"
"ဟုတ်လား? အဲ့တာတော့ မသိခဲ့ဘူးပဲ"
ဂျယ်ယွန်းဟာ ကဖေးအတွင်း အပူချိန်ကြောင့် စိတ်အိုက်လွန်းလို့ လည်ပင်းက မာဖလာကို ဆွဲချွတ်လိုက်သည်။ ဟီဆွန်းက လုံးဝ လန့်မသွားတဲ့ လေသံနဲ့ အေးတိအေးစက် ဖြေပြီး ခံစားချက်ကို ခန့်မှန်းမရနိုင်တဲ့ တည်တံ့နေတဲ့ မျက်နှာဖြင့် မလိုမှ မနေစွာ စကားကို ဆက်ပြောသည်။
YOU ARE READING
Secret
Romance"ငါက ပတ်ဆောင်းဟွန်းရဲ့ လျှို့ဝှက်ချက်ပဲ" ဖြူဖတ်ဖြူရော် မျက်နှာနဲ့ အထီးကျန်စွာ ပြုံးလိုက်တယ်။