02. inflection point
ထပ်တွေ့စရာအကြောင်းမရှိတော့ဘူးလို့ ထင်ထားတဲ့ အီဟီဆွန်းကို မျက်နှာချင်းဆိုင်လိုက်ရတာ ၆လကြာပြီးနောက်မှာ ဖြစ်သည်။ ဆရာအလုပ်သင် စာမေးပွဲအောင်မြင်သွားတဲ့ ဆောင်းဟွန်းကို ဂုဏ်ပြုပေးတဲ့ ပါတီပွဲမှာ ဖြစ်ခဲ့သည်။ ဆောင်းဟွန်းဟာ ထင်ထားတဲ့ အတိုင်းပဲ အလုပ်သင်စာမေးပွဲကို တစ်ခေါက်ထဲနဲ့ အောင်မြင်ခဲ့သည်။
ပါတီလို့ မပြောပလောက်ပေမဲ့ သက်တူရွယ်တူတွေကြားထဲမှာ အရင်ဆုံး စာမေးပွဲအောင်သွားတဲ့ ဆောင်းဟွန်းအတွက် စီနီယာ ဂျူနီယာတွေ တက်ရောက်ပေးခဲ့ပြီး၊ ဂျယ်ယွန်းကတော့ စားသောက်ဆိုင် ချက်အင် လုပ်တာကစပြီး ကိတ်မုန့် ဒီဇိုင်းရွေးကိစ္စအထိ အားလုံးကို တာဝန်ယူထားသည်။ ဆောင်းဟွန်းရဲ့ မေဂျာက လူတွေကြားထဲမှာ နှစ်ယောက်က အရမ်းရင်းနှီးကြတယ်လို့ နာမည်ကြီးသည်။ ဟိုးအရင်က သူငယ်ချင်းဆက်ဆံရေးဖြင့် စတင်လာခဲ့သည့်အတွက် သူတို့ နှစ်ယောက် ဆက်ဆံရေးအပေါ် လူတွေက သာမာန်လိုပဲ စဥ်းစားကြသည်။
"ဆောင်းဟွန်း အရမ်းမူးနေပြီ"
"အဲ့တာဆို ကျွန်တော့် အိမ်မှာပဲ သိပ်လိုက်ပါ့မယ်၊ ဒီနားလေးတင်"
ဆောင်းဟွန်းက ပျော်နေလို့လားမသိ သောက်နိုင်တဲ့ ပမာဏကို ကျော်ပြီး သူများတွေ ငှဲ့ပေးတဲ့ ဆိုဂျူကို အကုန် လက်ခံသောက်နေသည်။ ဂျယ်ယွန်းလည်း အကြာကြီးနေမှ တွေ့ရတဲ့ ကျောင်းက လူတွေကို စကားစမြည် ပြောပေးနေရတာနဲ့ ဆောင်းဟွန်းကို ဂရုမစိုက်နိုင်ခဲ့ပါ။ ဒါပေမယ့်လဲ မိနစ်ခြားတစ်ခါ နေရာခွဲထိုင်နေရတဲ့ ဆောင်းဟွန်းနဲ့ အကြည့်တွေ ဆုံသွားတဲ့ အချိန် ဆောင်းဟွန်းက မူးနေတဲ့ မျက်နှာနဲ့ မျက်လုံးကို ခပ်ဖြေးဖြေးလေး မှိတ် ရယ်ပြပြီး, တစ်ခါတစ်ခါ စီးကရက်ကို ခဲထားတဲ့ အချိန်ဆို အငွေ့ကို ဂျယ်ယွန်းဘက်သို့ ဟူး~ မှုတ်ထုတ်ကာ သူများမသိအောင် ကျီစယ်လာသည်။
စားပွဲပေါ်မှာ ခေါင်းငိုက်စိုက်ကျပြီး အိပ်နေတဲ့ ဆောင်းဟွန်းကို ကြည့်ပြီး ဘေးစားပွဲက ဂျယ်ယွန်းဟာ သူရဲ့ တစ်ယောက်စာနေခန်းကို ခေါ်သွားမယ်လို့ နေသားကျနေသော ကိစ္စတစ်ခုလို ပြောလိုက်သည်။ သေချာပေါက် ဘယ်သူမှ ထူးဆန်းနေသလို မစဥ်းစားကြဘူး။ ဂျယ်ယွန်း ပစ္စည်းတွေ သိမ်းနေတဲ့ အချိန်မှာ ဆောင်းဟွန်းရဲ့ ဖုန်းသံကြားလိုက်ရသည်။
YOU ARE READING
Secret
Romance"ငါက ပတ်ဆောင်းဟွန်းရဲ့ လျှို့ဝှက်ချက်ပဲ" ဖြူဖတ်ဖြူရော် မျက်နှာနဲ့ အထီးကျန်စွာ ပြုံးလိုက်တယ်။