01. First Love
ရှင်းဂျယ်ယွန်းက ပတ်ဆောင်ဟွန်းရဲ့ ချစ်သူပါ။ နှစ်ယောက်လုံး တက္ကသိုလ် ဒုတိယနှစ်ကတည်းက တွဲခဲ့ကြတယ်။ စုစုပေါင်း ချစ်သူသက်တမ်း ၇နှစ်ရှိနေပါပြီ။ ပတ်ဆောင်ဟွန်း ဘွဲ့ယူ အလုပ်ဝင် မိဘ အိမ်က ထွက်ပြီး တစ်ယောက်ထဲနေတာတွေကို အကုန်လုံး စောင့်ကြည့်ခဲ့ရတာပါ။ သေချာပေါက် ပတ်ဆောင်ဟွန်းလည်း ရှင်းဂျယ်ယွန်းရဲ့ အရာအားလုံးကို အတူတူ လုပ်လာခဲ့တယ်။
စပြီး သဘောကျခဲ့တာလည်း ရှင်းဂျယ်ယွန်း ဖြစ်ခဲ့တယ်။
"မင်းကို သဘောကျတယ်"
"ထင်ထားပါတယ်"
ဒုတိယနှစ် နှစ်ဆုံး တွေ့ဆုံပွဲ ကျောင်းရဲ့ အနောက် လမ်းကြားထဲမှာ မျက်နှာတစ်ခုလုံး နီရဲနေတဲ့ ရှင်းဂျယ်ယွန်းဟာ ပတ်ဆောင်ဟွန်းကို ဖွင့်ပြောခဲ့တယ်။ ဆေးလိပ်သောက်ဖို့ ထွက်သွားတဲ့ ပတ်ဆောင်ဟွန်းရဲ့ နောက်ကို ရှင်းဂျယ်ယွန်းက ချက်ချင်းပဲ ထလိုက်သွားလိုက်သည်။ လေးနက်စွာ ဘေးမှာ နေပြီး ဘာစကားမှမပြောနိုင်ပဲ ပွင့်လင်းကြည်လင်လွန်းတဲ့ မျက်နှာနဲ့ ရပ်ပဲရပ်နေတဲ့ ရှင်းဂျယ်ယွန်းကို ပတ်ဆောင်ဟွန်းဟာ စိတ်ရှည်စွာပဲ စောင့်ဆိုင်းပေးခဲ့ပြီး ဘာမှ မမေးခဲ့ပါ။ အကြာကြီးနေမှ စကားစပြောတဲ့ ရှင်းဂျယ်ယွန်းဟာ သဘောကျတယ်လို့ ပြောခဲ့ပြီး ပတ်ဆောင်ဟွန်းဟာ မီးခြစ်ကို ဆော့ကစားရင်းနဲ့ ထင်ထားပါတယ်လို့ ဖြေခဲ့တယ်။
"ဘာလည်း အဲ့တာလေးနဲ့ ပြီးရောလား"
"ငါ ဆေးလိပ်သောက်တတ်တာ အဆင်ပြေလား"
"ဘယ်လိုနေနေ အခုလည်းသောက်နေတာပဲလေ၊ ဘာမှမဖြစ်ပါဘူး"
"မင်းငါ့ကိုချစ်လား"
ရှင်းဂျယ်ယွန်းဟာ အဲ့ဒီအချိန် ရုတ်တရက်ကြီး အချစ်ကို မေးတဲ့ ပတ်ဆောင်ဟွန်းကို တကယ် ထူးဆန်းတယ်လို့ တွေးခဲ့တယ်။ တကယ်တမ်း မေးခွန်းမေးတဲ့ ပတ်ဆောင်ဟွန်းက ပေါ့ပေါ့ပါးပါးပဲ ပြုံးနေပေမယ့် ရှင်းဂျယ်ယွန်းကတော့ မရယ်နိုင်ခဲ့ပါဘူး။ ပတ်ဆောင်ဟွန်းနဲ့ ထိတွေ့ချင်ခဲ့တဲ့ ရှင်းဂျယ်ယွန်းဟာ နောက်ဆုံး အချစ်ကို ပြောလိုက်တယ်။ ချစ်တယ်ဆိုတဲ့ ရှင်းဂျယ်ယွန်းရဲ့ စကားကို ကြားပြီး ပတ်ဆောင်ဟွန်းဟာ ပျက်ရယ်ပြုတယ်။ ရှင်းဂျယ်ယွန်းဟာ အထီးကျန်နေသလို မြင်ရတဲ့ အဲဒီ မျက်နှာကို သဘောကျခဲ့တယ်။ အမြဲတမ်း ဘေးမှာ လူတွေ ဝိုင်းနေပေမယ့်လည်း တစ်ယောက်ထဲ ဖြစ်နေသလို မြင်ရတဲ့ ပတ်ဆောင်ဟွန်း။ ရှင်းဂျယ်ယွန်းဟာ အဲတာဆို ငါတို့ တွဲနေကြပြီပေါ့နော် လို့ပြောပြီး ပတ်ဆောင်ဟွန်းကို ဆွဲဖက်လိုက်တယ်။ ပတ်ဆောင်ဟွန်းဟာ နွေးထွေးနေတဲ့ အကြည့်တွေနဲ့ ကြည့်ပြီး မသိဘူး လို့ဆိုကာ ကျီစယ်သည်။ ရှင်းဂျယ်ယွန်းဟာ သည်းမခံနိုင်တော့ဘဲ ချက်ချင်းပဲ နှုတ်ခမ်းတွေကို ဖိကပ်လိုက်သည်။ ရှင်းဂျယ်ယွန်းရဲ့ အနမ်းဟာ မကျွမ်းကျင်ပြီး ပြင်းထန်လွန်းတယ်။ ပတ်ဆောင်ဟွန်းက နောက်ကို တွန်းခံလိုက်ရပြီး နံရံဖြင့်တိုက်မိ၍ နာတဲ့အသံ ထွက်လာသော်လည်း ရှင်းဂျယ်ယွန်းရဲ့ နောက်ဆံပင်ကို ငြင်ငြင်သာသာလေး ပွတ်သပ်ပေးခဲ့သည်။

YOU ARE READING
Secret
Romance"ငါက ပတ်ဆောင်းဟွန်းရဲ့ လျှို့ဝှက်ချက်ပဲ" ဖြူဖတ်ဖြူရော် မျက်နှာနဲ့ အထီးကျန်စွာ ပြုံးလိုက်တယ်။