နေ့လည်ပိုင်းပထမဆုံးစာသင်ချိန်မှာဘာသာစကားနှင့်စာပေယဥ်ကျေးမှုဘာသာရပ်ဖြစ်သည်။ လုချမ်တစ်ယောက်ဖတ်စာအုပ်ကိုဖွင့်လိုက်ချိန်တွင်စာမျက်နှာများအကြားတစ်စစီပြန့်ကြဲနေသောပေါင်မုန့်အပိုင်းအစအမှုန်များစွာကသူ့ကိုဆီးကြိုနေသည်။စာရွက်များပေါ်တွင်ကပ်နေသောထိုအရာများကအနည်းငယ်အော်ဂလီဆန်စရာကောင်းနေသည်။
လုချမ် စာအုပ်ကိုပိတ်ချလိုက်ပြီးစာရေးခုံအစွန်တွင်ထားကာ နောက်ထပ်လုံးဝမထိတော့ချေ။
ဖတ်စာအုပ်ကိုလုံးဝမဖွင့်ပဲထိုင်နေသည့်လုချမ်ကိုမြင်သောအခါ ဘေးတစ်ခုံကျော်မှာလီချင်ဟဲ့ကမေးလာသည်။ "ဘာဖြစ်လို့လဲ"။
လုချမ်ကအေးစက်နေသောလေသံဖြင့်ပြန်ဖြေသည်။ "တစ်ယောက်ယောက်ကကလေးကလားအကွက်တွေသုံးပြီးစနောက်နေလို့"။
လီချင်ဟဲ့ကအံ့ဩသွားသည့်ပုံစံဖြင့်ခပ်ရွဲ့ရွဲ့ပြန်ဖြေသည်။ "တစ်မိုးအောက်ကလုချမ်ကိုဘယ်သူကစနောက်ရဲမှာလဲ...တကယ်လို့စနောက်ရဲခဲ့တယ်ဆိုရင်လည်းမင်းအကြောင်းမသိသေးလို့ဖြစ်မှာပေါ့"။
လုချမ်က လီချင်ဟဲ့၏စကားကိုခွန်းတုံ့ပြန်ခြင်းမရှိပဲ သူ့အတွေးနှင့်သူတိတ်ဆိတ်နေသည်။
လုချမ်စိတ်ဆိုးနေမှန်းလီချင်ဟဲ့တစ်ယောက်ကောင်းကောင်းသိသည်။ ငယ်စဥ်တည်းကအတူကြီးပြင်းလာခဲ့သောငယ်ပေါင်းဖော်များဖြစ်ကြ၍ လုချမ်၏အမူအကျင့်ကိုလီချင်ဟဲ့ကအခြားသူများထက်အထာနပ်နေသည်။ နံပါတ်၆အထက်တန်းကျောင်းတစ်ခုလုံးတွင်
လုချမ်လောက်ဘယ်ကျောင်းသားကမှသန့်ပြန့်ပြီး စမတ်ကျမနေ။ ထို့အတူသူ့ကျောင်းစာအုပ်များကလည်းသပ်ရပ်သန့်ရှင်းကာတွန့်ကြေများပင်မရှိပေ။"ဖတ်စာအုပ်မဖွင့်ပဲအတန်းထဲမှာစာဘယ်လိုလိုက်နားထောင်မှာလဲ"။
လုချမ်ကသူ့အမေးကိုပြန်မဖြေပဲသက်ပြင်းသာချသည်။
စာသင်ပေးနေသည့်ဆရာကအတန်းထဲမှထွက်မသွားမီတွင် လုချမ်ကသူ့ဖတ်စာအုပ်များအားလုံးကိုကောက်ယူပြီးအမှိုက်ပုံးထဲသို့ပစ်ထည့်လိုက်သည်။ တစ်ဒါဇင်လောက်ရှိသောဖတ်စာအုပ်များကအမှိုက်ပုံးနှင့်ခပ်ကြမ်းကြမ်းမိတ်ဆက်၍
"ဘန်း" ဟူသောကျယ်လောင်လွန်းလှသည့်အသံနှင့်အတူသူတို့တစ်တန်းလုံးတိတ်ဆိတ်ငြိမ်သက်သွားကြသည်။
YOU ARE READING
Slow - witted (Myanmar translations)
RomanceAuthor: 九月买的饼干 (Biscuits Bought In September) Total Chapters: 68 + 2 extras Chapters 1 - 13 is translated by BlackboxTL Translator - 🌺 yuebing I do not own any of this story. Crd to original author and English translators. Crd to cover art owner.