Chapter 13

128 16 0
                                    

slow - witted (Chapter 13)

ကျောင်းဆောင်အပြင်ဘက်သို့ထွက်လိုက်သည်နှင့် ဖူကျား၏နဖူးပြင်တွင်ချွေးစလေးများတွဲခိုလို့လာသည်။

သူတို့နှစ်ယောက်ကြားအကွာအဝေးကလူတစ်ကိုယ်စာမျှခြားသော်လည်း လုချမ်၏ခန္ဓာကိုယ်မှအနွေးဓာတ်ကိုဖူကျားခံစားနေမိသည်။

"ဒီကိုလာတာဘာကိစ္စရှိလို့လဲ...ငါ့ကိုလာရှာတာလား"။ သည်အခြေအနေကြီးကထူးဆန်းလွန်းနေသဖြင့် ဖူကျားမယုံနိုင်သေး။

ဖူကျား၏မျက်နှာကိုလှမ်းကြည့်လိုက်ချိန်တွင် နဂိုအတိုင်းရှိနေသေးသောအနာကပ်ပလာစတာနှင့်ပတ်တီးစကိုလုချမ်သတိထားမိသည်။ "ဆေးရုံသွားမပြဘူးလား"

လုချမ်၏စကားကြောင့်ဖူကျားတစ်ယောက်သူ့မျက်နှာပေါ်ရှိပတ်တီးစကိုသတိလက်လွတ်ထိကိုင်ကြည့်မိသည်။ ဆရာဝန်ကပတ်တီးမသုံးရန်ပြောထားသော်လည်း ရုပ်ဆိုးအကျည်းတန်လွန်းသောဒဏ်ရာကိုဖုံးချင်ဇောဖြင့်ခေါင်းမာကာပတ်တီးဆက်ဖုံးထားရာ သူသတိမထားမိလိုက်သည့်အချိန်တွင်ဒဏ်ရာကယခင်ကထပ်ပိုပြီးအခြေအနေဆိုးသွားခဲ့သည်။

"ပြပါတယ်...ဟိုနေ့ကငါမင်းကိုလိမ်ခဲ့မိတာမှန်ပေမဲ့...မင်းအိမ်ကအပြန်ငါတကယ်ဆေးရုံဝင်ပြခဲ့တာ"

လမ်းလျှောက်နေသောလုချမ်၏ခြေလှမ်းတို့အရှိန်နှေးသွားသည်။ "ဘယ်ဆေးရုံမှာသွားပြတာလဲ"။

"ရှင်းရီဆေးရုံ"

"ဟိုတစ်ခါ​ပြောတုန်းကလည်းအဲဒီဆေးရုံပဲနော်"

သူ့ကိုမသင်္ကာသလိုပြောလာသဖြင့်ဖူကျားစိတ်အချဥ်ပေါက်သွားသည်။ "လုချမ်...ဆေးရုံကိုငါတကယ်သွားခဲ့တာပါဆို...မင်းကိုနှစ်ခါလိမ်ရလောက်တဲ့အထိငါမတုံးဘူး...မယုံရင်ဆေးရုံကပေးလာတဲ့ဆေးစာအုပ်ကိုငါနေတဲ့အဆောက်အထိလိုက်ကြည့်လို့ရတယ်"။

သူ့စကားအဆုံးလုချမ်ကခေါင်းတစ်ချက်ညိမ့်သည်။ "ကောင်းပြီလေ...ဆေးစာအုပ်ကိုကိုယ်စစ်ကြည့်မယ်"။

"ဟင်"

"ဆေးစာအုပ်ကြည့်ရအောင်...မင်းနေတဲ့အခန်းထဲကိုယ်လိုက်ခဲ့မယ်"

Slow - witted (Myanmar translations)Where stories live. Discover now