The secret love (Part 1)

220 17 1
                                    

ဧည့်ခန်းထဲမှာစကားများနေကြတဲ့အဖေနဲ့သမီး

"ဘာမှလာထပ်မပြောနဲ့ ကင်ဂျီဆူး နင်ငါ့သူငယ်ချင်း
Mr Park ရဲ့ သမီးကိုလက်ထပ်ရင်လက်ထပ် မဟုတ်ရင် အမွေဖျက်မယ် "

"အဖေ သမီးမှာ ချစ်...."

"ဘာမှထပ်မပြောနဲ့လို့ ပြောထားတယ်မလား နင့်ချစ်သူဆိုတဲ့ကောင်က မိဘသာ ပိုက်ဆံချမ်းသာနေတာ ဘယ်မှာလဲ သူ့အရည်အချင်း အားနေထိုင်ဖြုန်းဖို့လောက်ပဲ သိတဲ့ကောင်ကို နင်က လက်ထပ်ပြီး လုပ်ကျွေးမလို့လားဟမ်"

"အခု သူလဲ သူ့အဖေကုမ္ပဏီမှာ လေ့လာပြီး အလုပ်လုပ်ဖို့ ကြိုးစားနေတာပဲဟာ"

"ဘာမှထပ်မကြားချင်ဘူး နင်Mr Park သမီး Park Chae Young နဲ့ လက်ထပ်ရမယ် ငါတို့မိဘတွေအကုန်စီစဉ်ပြီးသွားပြီ နင် ငြင်းဖို့ မစဉ်းစားနဲ့ အမွေဖျက်မယ် ဆိုတာ နောက်နေတာမဟုတ်ဘူး ငါစီစဉ်ပေးတာကို ပုန်ကန်ရင် တကယ်ဖျက်ပစ်မယ် ဒါပဲ "
ဆိုကာ Mr Kim တစ်ယောက် အခန်းထဲဝင်သွားလေရဲ့

ကျန်ခဲ့တဲ့ Ms Kim Eun နဲ့ Jisoo မှာတော့

"အမေ အဖေ့ကိုပြောပေးပါဦး"

" သမီး အဖေပြောတာကို လက်ခံလိုက်ပါကွယ် ငါ့သမီးကလိမ်မာပါတယ် သမီးအဖေက နူးနူးညံညံမပြောတက်လို့သာ သူက သမီးကောင်းစားဖို့ စဉ်းစားပေးထားရှာဝာာ Mr Park ရဲ့ သမီးဆိုတာ ထက်လဲထက်မြက်တယ် အရှုပ်အရှင်းလဲ ကင်းတယ် အေးအေးဆေးဆေးလေးနေတဲ့ ကောင်မလေး သမီးရဲ့"

" ဟာ အမေကပါ သမီးဘက်ပါမယ် မရှိဘူး စိတ်ညစ်တယ် သွားတော့မယ်" ဆိုကာ ကားတစ်စီးနဲ့ထွက်သွားလေရဲ့

" အော် ဟဲ့ သမီးနေဦးလေ ညမနက်စေနဲ့နော် "

ကင်ဂျီဆူးဆိုတာ အဲ့လို မိဘတွေက အငယ်ဆုံးသမီးလေးမို့ အလိုလိုက်ထားတော့ ဆိုးချင်တိုင်းဆိုးနေတာ ကျောင်းပြီးတော့ Dr.degree  ရထားပေမယ့် စိတ်မဝင်စားဘူးဆိုကာသူငယ်ချင်းတွေနဲ့ စပ်တူ ဆိုင်လေးတစ်ဆိုင်ဖွင့်ထားပြီး
ရသမျှပိုက်ဆံတွေအကုန် ဖြုန်းပြီးဆိုးနေတော့တာပဲ အခုလဲ ကျောင်းတုန်းကတည်းက king လိုလို ဘာလိုလို အရည်အချင်းမရှိတဲ့ ကောင်နဲ့ တွဲနေလို့ သူ့အဖေက သူ့သမီး လမ်းမှားမရောက်ရင် စီစဉ်နေတာကို ခေါင်းမာနေလေရဲ့

<<<တစ်ဖက်မှာတော့

"သမီးချယ် လာပါဦး ဒယ်ဒီပြောစရာရှိလို့"

" ဟုတ်ကဲ့ ဘာပြောမလို့လဲ "

" သမီးမှာ ချစ်သူတွေဘာတွေများရှိလား မရှိရင် ဒယ်ဒီတို့ သမီးတွက် ရည်ရွယ်ထားတဲ့ သူရှိတယ် သမီးမှာ ချစ်သူတွေဘာတွေမရှိရင် လက်ခံနိုင်မလား ဒယ်ဒီတို့စီးပွားရေးအရရော သူငယ်ချင်းအချင်းချင်း ကတိခံထားတဲ့ကိစ္စရော အတွက်ကြောင့်ပါ "

" ရှင်..!သမီးမှာ ချစ်သူတော့ မရှိသေးပါဘူး ဒယ်ဒီ ဒါမယ့် အခုချိန်မှာ သမီး ယောင်္ကျားယူပြီး အိမ်ထောင်တစ်ခုကိုတည်ဆောက်ဖို့ စိတ်မဝင်စားသေးပါဘူး  "

" သမီး အရွယ်လဲ ငယ်တော့တာ မဟုတ်ပဲနဲ့ အိမ်ထောင်ကတော့ ပြုသင့်နေပြီ ပြီးတော့ သမီးတွက် ရည်ရွယ်ပေးထားတဲ့သူက ယောင်္ကျားလေးမဟုတ်ဘူး မိန်းကလေး"

"ရှင်..!!"

"စီးပွားရေး လုပ်ငန်းရှင် Mr Kim လေ  သမီးသိတယ်မလား "

" ဟုတ် သိတယ်လေ ဒယ်ဒီ ဒါဆို...ဒယ်ဒီသမီးနဲ့ အိမ်ထောင်ချပေးမယ့် တစ်ယောက်က သူ့သမီး Kim Jisoo လို့တော့
မပြောနဲ့နော် "

" အမှန်ပဲ သမီး သူ့သမီး Kim Jisoo နဲ့ သမီး လက်ထပ်ရမယ် "

"ဒယ်ဒီ သမီး..."

" ဘာမှမပြောနဲ့တော့ ဒယ်ဒီတို့ အကုန်စီစဉ်ပြီးသွားပြီ သမီးချစ်သူလဲမရှိဘူးဆိုတော့ လက်ထပ်ဖို့ ပြင်ဆင်ထားတော့ ဒယ်ဒီသွားနားတော့မယ်"

ဧည့်ခန်းထဲမှာကျန်ခဲ့တဲ့ ကောင်မလေးမှာတော့

"တကယ်ပဲ Kim Jisooလား ငါ့ရဲ့ မ' ကိုအခု ငါပိုင်ဆိုင်ရတော့မှာလား"

The secret loveWhere stories live. Discover now