The secret love (part 2 )

129 12 1
                                    

Past time လွန်ခဲ့တဲ့ 10နှစ်က

လမ်းကြားတစ်နေရာတွင်

" Park Chae young ငကြောက်မလေး ငါတို့တောင်းနေတာအမြန်ပေးလိုက်နော် နင့်အဖေပေးလိုက်တဲ့ မုန့်ဖိုးတွေငါတို့ကို အကုန်ပေး မဟုတ်ရင် ငါတို့အကြောင်းနင်သိတယ်နော်"

" မလုပ်ပါနဲ့ဟာ ငါဝယ်စရာလေးရှိလို့ စုထားလို့ပါ နောက်တစ်ပတ်ကြ ပေးမယ်လေနော် "

" ဟ နင့်တို့က ဒီလောက်ပိုက်ဆံရှိတာ လိုချင်တာရှိရင် နင့်အဖေစီက လက်ဖြန့်တောင်းလိုက်ပေါ့ ဘာတွေခက်ခဲနေတာလဲ ပေး "

" ငါတကယ်လုပ်စရာလေးရှိလို့ပါဟာ"

" ကောင်းကောင်းတောင်းနေတာကို မရဘူး ငကြောက်လေးက နာချင်ပြီနဲ့တူတယ် ဟဲ့ ကောင်မတွေ သူ့ကို ဝိုင်းဆုံးမလိုက်ကြရအောင် "

"မလုပ်ပါနဲ့ ငါ......"

ပြောနေတုန်း တစ်နေရာမှ ဩရှရှအသံတစ်သံ

"ဘာတွေဖြစ်နေကြတာလဲ.!"

"ဘယ်သူလဲ နင်က"

"လမ်းကြားထဲမှာ ဘာတွေလုပ်နေကြတာလဲ"

"ဘာလဲ ကိုယ့်ကိစ္စမဟုတ်ရင် ဝင်မပါနဲ့ ကိုယ့်လမ်းကိုယ်သွား"

ဂျီဆူး ဆေးရုံမှာ Practicalဆင်းပြီး အပြန် လမ်းတစ်ခုအရောက် အသံတွေကြားလို့ ဝင်လာခဲ့တယ်

" ကြည့်ရတာ State school ကျောင်းသူလေးတွေ ထင်တယ် ဘာလဲ ဒီအောက်က ကျောင်းသူလေးကိုအနိုင်ကျင့်နေကြတာလား"

" ကိုယ့် ကိစ္စမဟုတ်ရင် ဝင်မပါနဲ့ အမကိုပြောထားတယ်မလား"

" ဖယ်"

"ဟာ ဒီအမ"

"တကယ်ကောင်မလေးတစ်ယောက်ကို အနိုင်ကျင့်နေကြတာပဲ"

ဖလပ် ဖလပ်

" ဟာ ဘာလုပ်တာလဲ "

"ဓာတ်ပုံရိုက်လိုက်တာလေ မင်းတို့ ရင်ဘက်မှာထိုးထားတဲ့ ကျောင်းနာမည်ကို ငါသိတယ် အခုမင်းတို့ ဓာတ်ပုံတွေလဲ ငါ့စီမှာ ရှိတယ် မင်းတို့ကျောင်းကို အဲ့ပုံတွေပြပြီး သွားတိုင်လိုက်ရင်ဘာဖြစ်မယ်ထင်လဲ သွားတိုင်လိုက်ရမလား"

" ဘာလဲ ခြိမ်းခြောက်နေတာလား  ခြိမ်းခြောက်တိုင်း
Bo Han yoonတို့က ကြောက်မယ်မထင်နဲ့"

The secret loveWhere stories live. Discover now