ကားတစ်ကားလုံးတိတ်ဆိတ်စွာ ဘာမှမပြောပဲထိုင်နေတဲ့ မ'ကြောင့် ချယ်လဲ အရဲစွန့်ကာ စကားပြောဖို့ပြင်လိုက်တယ်
" ဘာအရောင်ကြိုက်လဲ "
ချယ်စကားစလိုက်သည်။ ထိုအခါမှ ကားအပြင်ဘက်ကိုကြည့်နေတဲ့ မ'က ကျွန်မဘက်လှည့်လာပြီး မျက်မှောင်ကြုံကာကြည့်တယ်။ လှလိုက်တာ မျက်မှောင်ကြုံထားတာတောင် မ'မျက်ဝန်းရဲ့အလှကစွဲမက်စရာပဲ
" ငါ့ကိုကြည့်လို့ဝရင်လဲ အရှေ့ကို သေချာကြည့်မောင်း "
" အာ.. ဟုတ်ကဲ့ပါ "
ချယ် ကြည့်နေတာ အဲ့လောက်တောင် ကြာသွားတာလား ချယ်ကိုယ်တိုင်တောင်သတိမထားမိ အဲ့လိုပါပဲ မ'နဲ့တွေ့ရင် အရာရာကိုမေ့ကုန်ရော
" ခုနက ဘာပြောလိုက်တာလဲ "
မ'က ပြန်ပြောလာသည်
" ဘာအရောင်ကြိုက်လဲလို့ မေးတာပါ "
" ဘာလုပ်ဖို့ "
" ချယ်တို့ ဝတ်စုံရွေးရင် ကြိုက်တဲ့အရောင်ထဲက ဦးစားပေးရွေးရအောင်ပါ "
" မရှိဘူး ကြိုက်တဲ့အရောင် "
" အော် ဟုတ်ကဲ့ "
အမှန်တော့ ဂျီဆူးသူနဲ့စကားမပြောချင်လို့ တမင်ပြောလိုက်ခြင်းသာ မင်္ဂလာရက်ကနီးနေပြီ အခုထိ အိုပါးနဲ့အဆက်အသွယ်မရလို့ စိတ်ညစ်နေရတဲ့အထဲ အရေးမပါတာတွေလာမေးနေတယ် တကယ်ကို အမြင်ကပ်ချင်စရာ
ချယ်လဲ မ' ဟိုဘက်ပြန်လှည့်သွားတာကြောင့် စကားမစတော့ပဲ ကားကိုသာ ဂရုစိုက်မောင်းလာခဲ့တယ်
wedding dress shop
ဆိုင်ရောက်ပြီဖြစ်တာကြောင့် ချယ်ကားရပ်လိုက်သည်။မ'ကိုပြောမလို့ကြည့်လိုက်တော့ ဆိုင်ရောက်တာတောင်မသိပဲအတွေးလွန်နေတဲ့မ'ကြောင့်
" ဟို..ဆိုင်ရောက်ပြီနော် "
ထိုအခါမှအတွေးလွန်နေရာမှလှည့်ကြည့်လာတဲ့ မ'
" အော် အင်း ဝင်ကြမယ်လေ "
" ဟုတ် "
ချယ်တို့လဲ ဆိုင်ထဲဝင်လာခဲ့ကြသည်။
ဆိုင်ထဲရောက်တော့ ချယ်တို့ကို ဝန်ထမ်းများက သေချာကြိုဆိုကြသည် မ'ကိုလှည့်ကြည့်လိုက်တော့ တစ်ဖက်က ခရမ်းနဲ့အဖြူစပ်ထားတဲ့ ဝတ်စုံလေးကို စိုက်ကြည့်နေတာ တွေ့လိုက်သည်

YOU ARE READING
The secret love
Romanceမ'ရဲ့ အနားမှာ အမြဲတမ်းရှိနေပေးခဲ့တဲ့ ချယ့်ရဲ့အချစ်ကို မြင်အောင်ကြည့်ပေးပါမ'ရယ်