The secret love ( part 4 )

149 12 2
                                    

" လက်ထပ်ပွဲကို ငြင်းပေးပါ ပတ်ချယ်ယောင်း ငါ့မှာ ချစ်ရမယ့် ချစ်သူရှိတယ် "

" ဟင် "

မ' မှာ ချစ်သူရှိတာ ချယ်စုံစမ်းမိသလောက်တော့သိပါတယ် ဒါမယ့် မ' ချစ်သူဆိုတဲ့သူက မ'ကိုဂရုမစိုက် အမြဲတမ်းပစ်ထားပြီး ကလပ်မှာ တခြားမိန်းကလေးတွေနဲ့ အရှုပ်တွေရှိနေတာပါ ချယ်သိထားတယ် ပြီးတော့ အဲ့လူက မ' အနားကို အကြောင်းတစ်ခုခုရှိလို့ ကပ်နေတာရောပေါ့

" လက်ထပ်ပွဲကို ငြင်းပေးပါ ပတ်ချယ်ယောင်း "

" ချယ် ငြင်းပေးလို့မရဘူး "

" ဘာ..! "

တကယ်လဲ ချယ်ငြင်းပေးလို့မရပါဘူး မ'ချစ်သူဆိုတဲ့ သူနဲ့ချယ် စိတ်မချလို့ရော ပြီးတော့ ချယ်လက်ထပ်မယ်ဆိုပြီး လက်ခံပြီးသွားပြီ ချယ်က အခုလက်ခံ ချက်ချင်းအခုပြန်ငြင်းဆို ဒယ်ဒီတို့က မ' ငြင်းခိုင်းတယ်ဆိုတာ ရိပ်မိသွားနိုင်တာရယ် မ' မိသားစုပါ မျက်နှာပျက်နိုင်တာမို့ ချယ်ငြင်းပေးလို့မရပါဘူး

" ချယ် ငြင်းပေးလို့မရဘူး  "

" ဘာကိုငြင်းပေးလို့ မရရမှာလဲ ငါ့ဘက်က ငြင်းလို့အဆင်မပြေလို့ မင်းဘက်က ငြင်းပေးရင် ရတယ်လေ "

" မရဘူးလို့ ချယ်ပြောပြီးပြီမလား "

" ကျစ် နင်..!! "

" ပြောစရာက လက်ထပ်ဖို့အကြောင်းမဟုတ်ပဲ ပွဲဖျက်ဖို့အကြောင်း မလား ချယ်ဘက်က မလုပ်ပေးနိုင်ဘူး သွားပြီ "

ချယ်လဲ အိမ်ထဲပြန်ဝင်ဖို့ လှည့်ထွက်သွားတော့တယ်

လှည့်ထွက်သွားတဲ့ ပတ်ချယ်ယောင်းကို ကင်ဂျီဆူးလှမ်းအော်ကာ

" မုန်းတယ် ပတ်ချယ်ယောင်း ငါ့ကို အိုပါးနဲ့ဝေးအောင်လုပ်လို့ မုန်းတယ် "

အိမ်ထဲပြန်ဝင်ဖို့ပြင်နေတဲ့ ချယ်ယောင်းခြေလှမ်းတွေရပ်လိုက်ပြီး ကင်ဂျီဆူးကိုပြန်လှည့်ကြည့်ကာ

" မုန်းလိုက်လေ တစ်နေ့ ချယ်ဘာလို့ မငြင်းပေးလဲ နားလည်လိမ့်မယ် "

" တောက် ပတ်ချယ်ယောင်း..!! "

ချယ်လဲ မ'နဲ့ စကားမများချင်တာကြောင့် အိမ်ထဲပဲပြန်ဝင်လာလိုက်တယ် အိမ်ထဲပြန်ဝင်လာပြီး ပြန်လာထိုင်တဲ့ ချယ့်ကို မာမီက

The secret loveWhere stories live. Discover now