at club
" နင် သောက်တာများနေပြီ ဂျီဆူးမ တော်တော့ "
ဂျီဆူး ညနေကတည်းက သူ့သူငယ်ချင်း Jen ကိုခေါ်၍ ရင်ဖွင့်ပြီး ဆက်တိုက်သောက်နေသောကြောင့် တားနေတာဖြစ်သည်
" မတော်ဘူး ငါဒီနေ့ အဝသောက်မှာ ပြီးရင် အိမ်မပြန်ဘူး ဒီညနင့်အိမ်မှာလိုက်အိပ်မယ် မနက်ကျမှပြန်မယ် "
" အေးပါ သဘောသဘော အရမ်းကြီးလဲ စိတ်ညစ်မနေပါနဲ့ နင့်အဖေတို့က ကောင်းလို့စီစဉ်ပေးတာနေမှာပါ "
" ဘာမှလာမပြောနဲ့ Jen ငါ့ သဘောမပါပဲ သူတို့လုပ်ချင်သလို လုပ်တာ ကောင်းလို့စီစဉ်ပေးတာပေါ့ ဟုတ်လား "
"မဟုတ်ဘူးလေဟာ ငါပြောတာက..."
"တော်ပြီ ဘာမှလာမပြောနဲ့တော့ ဒီသူငယ်ချင်းတစ်ယောက်လေးပဲရှိလို့ ခေါ်ပြီးတိုင်ပင်မိပါတယ် နင်ကပါ သူတို့ဘက်ကဆို ထွက်သွား" ဆိုကာ မူးပြီးမှောက်သွားလေရဲ့
" ဟဲ့ ဂျီဆူးမ ဟဲ့ အော် သူပြောချင်တာပြောပြီး မူးပြီး မှောက်သွားပြန်ပြီ " Jen လဲ မူးနေတဲ့ Jisoo ကို မပြီး သူ့အိမ်သို့ ခေါ်လာခဲ့တော့တယ်
Next Morning
ဂျီဆူး တစ်ယောက် ဆိုဖာပေါ်မှာအိပ်နေရင်းနိုးလာခဲ့တယ်
"ဝါး (သမ်းခြင်း) "
" နိုးပြီလား ဂျီဆူးမ နိုးရင်လဲ မျက်နှာသစ်ပြီး အိမ်ပြန်တော့ "
" အော် အခုမှနိုးတဲ့သူကို အတင်းနှင်လွှတ်နေတော့တာပဲ
ပြန်မယ် ပြန်မယ် "" ပြန်ပြန် မနေ့က ငါ့မှာလေ နင့်ရဲ့ ဆင်လောက်အလေးချိန်ရှိတဲ့ ခန္ဓာကိုယ်ကိုလဲ ကားထဲရောက်အောင် တင်ရသေး ကားပေါ်ကနေ ဆိုဖာထိလဲပြန်သယ်လာရသေး ပြီးတော့ ငါ့ပေါ်မှာလဲအန်ချသေး ဂျီဆူးမ ဂြိုလ်မွှေမ "
" အမလေး ငါ့ကိုကျအဲ့လိုနော် နင် နင့်ရည်းစား လီဆာနဲ့ ရန်ဖြစ်တုန်းကလဲ အဲ့လိုပဲလေ ငါ့မှာ နင်ရှာတဲ့ ပြသနာတောင်ရှင်းပေးရသေးတယ် ဖိတ်ဖရန့်မ "
" ဖိတ်ဖရန့် နင့်ကို ညကတည်းက အဲ့မှာထားခဲ့ပြီ အခုတော့ လစ်တော့ ငါတို့ဖွင့်ထားတဲ့ဆိုင်သွားကြည့်ရဦးမယ် "
![](https://img.wattpad.com/cover/353259140-288-k53791.jpg)
YOU ARE READING
The secret love
Romanceမ'ရဲ့ အနားမှာ အမြဲတမ်းရှိနေပေးခဲ့တဲ့ ချယ့်ရဲ့အချစ်ကို မြင်အောင်ကြည့်ပေးပါမ'ရယ်