My whole world is falling apart

623 46 8
                                    

Unicode

အလုပ်ပိတ်တဲ့ တနင်္ဂနွေနေ့တွေကို
Hyunjin သိပ်သဘောကျပါတယ်။

alarm ရဲ့ နှောင့်ယှက်ခြင်း မပါဘဲ
အိပ်ရေးဝဝ အိပ်စက်နိုင်တယ်။
မနက်စာကိုလည်း
အေးအေးလူလူစားနိုင်တယ်။

ဝရန်တာမှာ အိုးကလေးတွေနဲ့ စီစိုက်ထားတဲ့
နှစ်ရောင်စပ် pansy ကလေးတွေကို
သေချာစွာ ငေးယူန်ိုင်တယ်။

Bol4 ရဲ့ Galaxy သီချင်းဟာ
တိုက်ခန်းငယ်လေးထဲ ပျံ့လွင့်နေပြီး
လိုက်ဖက်ညီစွာ ကော်ဖီတစ်ခွက်ဟာ
သူ့လက်ထဲမှာ ရှိနေခဲ့တယ်။

ဒီလိုနဲ့ Hyunjin ရဲ့ နားရက်ကလေးဟာ
သာယာစွာ ရှိနေခဲ့ပါတယ်။

ဒါပေမဲ့ ဒီသာယာခြင်းတွေက
ဧည့်သည်တစ်ယောက် ရောက်မလာခင်အထိပါပဲ။

ဘဲလ်သံကြောင့် သီချင်းကိုရပ်လိုက်ပြီး
Hyunjin တံခါးထံ ဦးတည်လာခဲ့တယ်။

"Min?"

Seungmin ဟာ သူ့တိုက်ခန်းရှေ့မှာ ရပ်နေခဲ့တယ်။
ရာသီဥတုလည်း အေးမနေပါဘဲ
နားရွက်ကလေးတွေနဲ့ ပါးကလေးတွေရဲနေတာကို
Hyunjin သတိပြုမိပါသေးတယ်။

"အထဲဝင်လေ Min"

ခေါင်းညိတ်ပြီးနောက် သူ့ဘေးမှဖြတ်ကာ တိုက်ခန်းထဲ
ဝင်သွားတဲ့ Seungmin ရဲ့ ချယ်ရီရနံ့ရေမွေးနံ့လေးဟာ
Hyunjin ရဲ့ အကြိုက်ဆုံးဖြစ်နေဆဲပါပဲ။

တံခါးပြန်ပိတ်ပြီးနောက် Hyunjin အထဲဝင်လာတော့
သူ့ကော်ဖီခွက်ဟာ Seungmin လက်ထဲရောက်နေတာကို
တွေ့ရသည်။

"အဲဒါ ငါသောက်ဖို့ ဖျော်ထားတာနော်"

"မင်းကော်ဖီက ငါ့ကော်ဖီပဲပေါ့"

ပြောရင်း Seungmin ဟာ
ကော်ဖီခွက်ကို အပိုင်စီးသွားခဲ့တယ်။
အပြစ်မဆိုနိုင်တဲ့ Hyunjin ကတော့
ရယ်နေရုံပါပဲ။

"ဒီနေ့ ပျော်နေပုံပဲ။
တစ်ခုခု ဖြစ်ခဲ့တာလား"

Seungmin တုံ့ပြန်မယ့်အ​ဖြေကိုသာ ကြိုသိခဲ့ရင်
Hyunjin ဒီလို မေးဖြစ်ခဲ့မှာ မဟုတ်ပါဘူး။

"အင်း ! Dongwoo က ငါ့ကိုဖွင့်ပြောလာတယ်"

Seungmin ရဲ့ အပြုံးတွေဟာ ပိုမိုတောက်ပလာသလောက်
Hyunjin မျက်နှာပေါ်က အပြုံးတွေကတော့
တဖြည်းဖြည်း မှိန်ဖျပျောက်ကွယ်ကုန်တယ်။

I DO [ 황승 ]Where stories live. Discover now