Love you like I do

256 38 2
                                    

Unicode

Min's POV,

"ငါတို့ တွဲကြမလား Seungmin?"

Dongwoo ဆီက အဲဒီစကားတွေကို
ကြားရတုန်းက ကျွန်တော့်ရင်ဟာ သိမ့်ခနဲ။

အလုပ်စဝင်ကတည်းက အများကြီးအားကျမိပြီး
သဘောကျခဲ့ရတဲ့သူက ကျွန်တော့်ကိုဖွင့်ပြောလာခြင်းက
အိပ်မက်တစ်ခု အမှန်တကယ်ဖြစ်လာသလိုပါပဲ။

လက်လွှတ်မိရင် နောင်တရမှာမလို့
အချိန်တောင် မဆွဲဘဲ ချက်ချင်းပဲ လက်ခံမိခဲ့ပေမဲ့
အခုမှ နောင်တတွေ ပိုရလာရတယ်။

ပြန်စဥ်းစားကြည့်တော့ ဖွင့်ပြောတာတောင်
ချစ်တယ်လို့ မပြောခဲ့ဘူးပဲ။

ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ရတာက
ပန်းတစ်ပွင့်ကို လက်ဝယ်ရသလိုပဲတဲ့။
ဒါပေမဲ့ ကျွန်တော်ဆုပ်က်ိုင်ထားမိတဲ့
ပန်းလေးကတော့ ဆူးခက်တွေ ထွေပြားပါတယ်။

ဒီလတွေအတွင်း Dongwoo နဲ့ ကျွန်တော့်ရဲ့
ချစ်သူဘဝကို စကားလုံးတစ်ခုနဲ့ ပုံဖော်မယ်ဆိုရင်
အဲဒါဟာ 'ကတောက်ကဆ´ ဆိုတဲ့ စကားလုံးဖြစ်မယ်။

ဆန့်ကျင်ဘက်ဝင်ရိုးတွေက အချင်းချင်းဆွဲငင်ကြတယ်တဲ့။
ဒီနိယာမက ကျွန်တော်တို့အပေါ် မသက်ရောက်ဘူးထင်ရဲ့။
မတူညီတဲ့ သဘောထားတွေနဲ့ ကျွန်တော်တို့ကတော့
အချင်းချင်း တွန်းကန်မြဲ ဖြစ်တယ်။

မတူညီတဲ့ ဝါသနာတွေ။ မအပ်စပ်တဲ့ ရှင်သန်မှုပုံစံ။
ကွဲပြားတဲ့ နှစ်သက်ရာတွေ။

Dongwoo က ပြီးပြည့်စုံတဲ့ အဖြူရောင် canvas လေး
ဖြစ်နေပြီး ကျွန်တော်ကတော့ အဲဒီပေါ်က အနက်ရောင်အစက်လေး
ဖြစ်နေခဲ့ပါတယ်။

×××

"မနေ့က မလာနိုင်ခဲ့တာ ဆောရီး Seungmin"

အကြိမ်ကြိမ်ပျက်တဲ့ ကတိတွေနဲ့
ဖန်တစ်ရာထပ်တဲ့ တောင်းပန်စကားတွေက
ကျွန်တော်တို့ရဲ့ relationship မှာ
မထူးခြားတော့ပါဘူး။
ကြားရဖန်များလွန်းလို့ နားတွေတောင်
ထုံလာခဲ့ပြီ ဖြစ်ပါတယ်။

"နောက်ဆို မတည်နိုင်ဘဲ
ကတိတွေ မပေးနဲ့ Dongwoo"

ကျွန်တော့်စကားအဆုံးမှာ Dongwoo ဟာ
ကျွန်တော့်ကို စူးစိုက်ကြည့်လာခဲ့တယ်။
လွန်ခဲ့သောမိနစ်က ငြိမ်သက်နေတဲ့ မျက်ဝန်းတွေက
အခုတော့ ဒေါသရိပ်တွေ လွှမ်းနေခဲ့တယ်။

I DO [ 황승 ]Where stories live. Discover now