He won't ever

224 39 1
                                    

Unicode

Min ကလေ ဟိုးအရင်ကတည်းက
အနံ့သင်းသင်းလေးတွေကို သိပ်သဘောကျတတ်တယ်။

ရေမွှေးနံ့သင်းသင်းလေးတွေ
ပန်းရနံ့သင်းသင်းလေးတွေ
shampoo အနံ့သင်းသင်းလေးတွေ
စသဖြင့်ပေါ့။

Min နဲ့ တွဲဖြစ်ပြီးနောက်ပိုင်းမှာ
ကျွန်တော်လည်းပဲ အဲဒီလိုရနံ့သင်းသင်းလေးတွေကို
သဘောကျတတ်လာခဲ့တယ်။

အထူးသဖြင့် နှစ်ယောက်အတူတူ
ဖြတ်သန်းဖြစ်တဲ့ညတွေမှာ သူ့ကိုရင်ခွင်ထဲထည့်ရင်း
အဲဒီဆံပင်လေးတွေကို မွှေးကြိုင်ရတာကို
အနှစ်သက်ဆုံး ဖြစ်ခဲ့တယ်။

ရှေ့ဆံပင်တွေကို သပ်တင်ထားရတာကိုကြိုက်တဲ့
ကျွန်တော်နဲ့ဆန့်ကျင်စွာ Min ကတော့
ရှေ့ဆံပင်လေးတွေကို ဝဲချထားတတ်တယ်။

အဲဒီအခါ ကျွန်တော်ကတော့ အဲဒီခေါင်းလုံးလုံးလေးကို
ရှုပ်ပွသွားအောင် ထိုးဖွာရင်း စနောက်တတ်ပါတယ်။
ပြီးရင် သူ့ကို ​ခွေးပေါက်ကလေးနဲ့တူတယ်လို့ ပြောတိုင်း
ကျွန်တော့်ကို စိတ်ဆိုးတတ်ပါသေးတယ်။

မှတ်မှတ်ရရ ရှေ့ဆံပင်တွေသိပ်ရှည်နေလို့
ညှပ်ပေးရင်း လိုအပ်တာထက် ပိုတိုသွားခဲ့တုန်းက
ကျွန်တော့်ကို တစ်နေ့လုံးစကားမပြောဘဲ Min
စိတ်ဆိုးဖူးပါတယ်။

ဒါပေမဲ့ အခုတော့ Min ဟာ ရှေ့ဆံပင်တွေကို
တိုတိနေအောင် ညှပ်ပစ်ခဲ့ပြီ။
ပြီးတော့ ရေမွှေးရနံ့သင်းသင်းလေးတွေလည်း
သူ့ဆီက မရတော့ပါဘူး။

အရင်လို ပန်းလေးတွေမြင်တိုင်းလည်း
စိတ်လှုပ်ရှားမနေတော့ဘူး။
သူသဘောကျတဲ့ သီချင်းတွေ၊
အဆိုတော်တွေအကြောင်းလည်း ပြောမလာတော့ဘူး။

ပြောင်းလဲခြင်းတွေရဲ့ အကြောင်းအရင်းကို
မေးကြည့်တိုင်းလည်း စကားချီးသာ ကွဲသွားတယ်
နောက်ဆုံးမှာတော့ Yoon Dongwoo ကြောင့်
ဆိုတာချည်းပါပဲ။

သေးမွှားတဲ့ပြောင်းလဲခြင်းတွေပေမဲ့ တဖြည်းဖြည်း
စုစည်းလာတဲ့အခါ Min ဟာ ကျွန်တော်မသိတဲ့
အခြားလူတစ်ယောက်လို ​ဖြစ်လာခဲ့တယ်။

ပြီးတော့ အဲဒီပြောင်းလဲမှုတွေက သူ့ရဲ့
ပျော်ရွှင်မှုတွေကို တစ်ပါတည်း ခိုးယူသွားကြပုံပါပဲ။

I DO [ 황승 ]Where stories live. Discover now