Trust me he's not the one

224 37 2
                                    

Unicode

လမ်းခွဲတုန်းက သူငယ်ချင်းတွေက ပြောခဲ့ကြတယ်။
ကျွန်တော်တို့နှစ်ယောက်မှာ ကျွန်တော်ကအရင်
ချစ်သူသစ် ရမှာတဲ့။

သူတို့်အားလုံး မှားခဲ့ပါတယ်။
တကယ်တမ်းမှာ ကျွန်တော်က
Kim Seungmin ဆိုတဲ့ မှတ်တိုင်လေးကို
ဖက်တွယ်နေဆဲ ဖြစ်ပြီး သူကသာ ချစ်သူသစ်နဲ့
နှစ်လသက်တမ်းကို ဆက်သွားခဲ့တာဖြစ်ပါတယ်။

အစကတည်းက Yoon Dongwoo ဆိုတဲ့လူကို
ကျွန်တော် သဘောမကျခဲ့ပါဘူး။ ဒါဟာ
Seungmin ရဲ့ ချစ်သူနေရာကိုရသွားလို့
မဟုတ်ဘဲ Seungmin အပေါ် သူ့ရဲ့ဆက်ဆံပုံကြောင့်
ဖြစ်ပါတယ်။

အလုပ်မှာ စီနီယာကျတယ်ဆိုတဲ့
အကြောင်းပြချက်နဲ့ သူဟာ Seungmin အပေါ်
သိပ်ကို အထက်စီးဆန်လွန်းတယ်။
အနိုင်ယူလွန်းတယ်။

"အဲဒါကြောင့် သက်သေတွေကို များများစုလာပါလို့
ငါပြောတယ်မလား!!"

ကျယ်လောင်တဲ့အော်သံကြောင့် အသံလာရာကို
လှည့်ကြည့်မိတော့ Dongwoo ဖြစ်နေပြီး
တစ်ဖက်က Seungmin ဖြစ်နေခဲ့တယ်။

သူ့အပေါ် လေသံနည်းနည်းမာရင်တောင်
ဝမ်းနည်းတတ်တဲ့ကောင်လေးက ချစ်သူဆီက
အအော်ခံရတာကြောင့် လက်ကလေးတွေ
တုန်ရီနေခဲ့တယ်။

"သောက်သုံးကို မကျဘူး!"

တရားသူကြီးနဲ့ ဂျူရီအဖွဲ့ဝင်တွေ ပြန်သွားပြီဆိုပေမဲ့
တရားခွင်လာနာတဲ့သူတွေ ကျန်သေးတာကြောင့်
လူအများရှေ့မှာ အော်ခံတဲ့အပေါ် Seungmin
ရှက်နေမှာပဲ။

ဘေးဘီကို အကဲခတ်ကြည့်နေတဲ့
အကြည်ရောင်မျက်ဝန်းများက ကျွန်တော့်အတွေးကို
အတည်ပြုကြတယ်။

ဒေါသစိတ်တို့ကို ဆက်မထိန်းနိုင်တော့ဘဲ
သူတို့ဆီကို လျှောက်သွားကာ နှစ်ယောက်ကြား
ဝင်ရပ်မိတယ်။

"မင်းက ဘာလို့ Min ကို အော်ရတာလဲ?"

"သောက်သုံးမကျလို့လေ!"

"သူမှားတယ်ဆိုရင်တောင် မင်းသူ့ကို
လူကြားထဲ မအော်သင့်ဘူးလေ။ သူက
မင်းချစ်သူ မဟုတ်ဘူးလား ဟမ်"

ထိုအခါ Dongwoo က
ကျွန်တော်သိပ်မုန်းတဲ့ အပြုံးနဲ့ပြုံးလာခဲ့တယ်။

I DO [ 황승 ]Where stories live. Discover now