Part(2)(Unicode)

4.1K 121 9
                                    

"~~~ကျွံ~~~"

Part(2)
-------
-------

"ဟေ့ကောင် ဂျိုကြီး အတည့်သွားလေကွာ!!
ဟိတ် ငနီ ဒီဘက်ကိုကပ်"

နှင်တံတစ်ချောင်းနဲ့တဟဲ့ဟဲ့ဖြစ်ကာ
လှည်းမောင်းနေတဲ့ အောင်မောင်းနဲ့သူ့ဘေးကငထွေးကြောင့် ဆေးပြင်းလိပ်ဖွာရင်း
ခွန်းညိုတော်တော်စိတ်ပျက်လာသည်။

"မင်းတို့က လှည်းမောင်းဖို့လိုက်လာတာလား နွားရိုက်ဖို့လိုက်လာတာလား"

"လှည်းမောင်းဖို့ပါ အကို ဒါပေမဲ့"

"ဒါပေမမဲ့နဲ့ မင်းတို့လှည်းမောင်းနေတာ တစ်ယောက်မှအချိုးမပြေဘူး သေချာမမောင်းနိုင်ဘူးဆို ဖယ် ငါမောင်းမယ်"

"ရတယ် အကို ရတယ် ကျုပ်တို့ပဲမောင်းပါ့မယ်"

အရီးခင်ရီက သေချာမှာလိုက်သည်။ ကိုခွန်းညိုကိုလှည်းမမောင်းခိုင်းမို့။ သူ့လက်ထဲနားဖားကြိုးနဲ့နှင်တံရောက်သွားရင် သွားရမဲ့ဘုရားငုတ်တိုရွာကိုရောက်တော့မှာမဟုတ်ပဲ လှည်းက ခွန်းညိုစိတ်ကြိုက်သွားမဲ့နေရာကိုရောက်သွားမည်ပင်။
အရီးခင်ရီက ဘုရားငုတ်တိုရွာက ယက္ကန်းထည်သင်္ကန်းကိုလာယူခိုင်းသည်မို့ သူတို့ရောက်လာခြင်းပင်။
တကယ်က ဒေါ်ခင်ရီတစ်ယောက် ၃ရက်တိတိထိပ်တုံးစာမိပြီး မနက်မှပြန်လွတ်လာတဲ့သားကို အဖေဖြစ်သူကြည်ဖြူအောင် သင်္ကန်းအယူခိုင်းခြင်းဖြစ်သည်။
ဒါပေမဲ့ လှည်းမောင်းမကျွမ်းတဲ့သားကောင့်သားနှစ်ကောင်ကြောင့်ခွန်းညို ဒေါသထွက်နေရသည်။
ခွန်းညိုလှည်းမောင်းရင် ဒီလိုမဟုတ်။ ဟဲ့တစ်ချက်ငေါက်စရာမလို ။ခွန်းညိုလှည်းပေါ်တက်လိုက်တာနဲ့ နွားတွေက သူတို့ဘာသာလမ်းဖြောင့်ဖြောင့်သွားသည်။
ဒီလိုပါပဲ ရွာတော်မှာဆို ခွန်းညိုဟေ့ဆို ကလေးအစ ခွေးအဆုံး နွားပါမကျန်အကုန်ကြောက်ရသည်။

"အမေကလဲ မနက်စောစောစီးစီးဘာတွေခိုင်းမှန်းကိုမသိဘူး။ဒီသင်္ကန်းလောက်က မင်းတို့သွားယူယုံနဲ့ရတဲ့ကိစ္စကို"

ဆေးလိပ်ဖွာရင်း ခွန်းညို ဒေါသတွေကို ထိန်းနေရသည်။
ဒီသုံးမရတဲ့နှစ်ကောင်ကိုလဲ အဘက ဘာကိုအားကိုးပြီးအိမ်မှာထားထားလဲမသိ။

"ကျွံ"(အကြင်သူ၏ဤချစ်ခြင်းနွံမှာကျွံ)(Complete)Where stories live. Discover now