Part(9)(unicode)

3.1K 89 0
                                    


"ကျွံ"

Part(9)

အခြေအနေတွေကလက်လွန်လက်စနဲ့အခုဆို လွန်ပြီးရင်းလွန်ကုန်လေပြီဖြစ်သည်။
သူ့ရင်ခွင်ထဲငိုပြီးအိပ်သွားတဲ့ မြနဖူးကို ဖွဖွလေးနမ်းလိုက်မိသည်။မြတစ်ယောက်ဘယ်လောက်တောင်ငိုထားလဲဆို နှာခေါင်းထိပ်ဖျားလေးတွေပါရဲတက်နေပြီ။သူလွန်သွားမှန်းသိပေမဲ့ မတတ်နိုင်။မြကိုဆို သူကလဲအကုန်လွန်ချင်နေသည်။

"ကျုပ် ဘယ်လောက်တောင်မင်းအပေါ် ပြိုလဲနေတယ်ဆိုတာ မင်းသိသင့်တယ် မြ"

အိတ်ဆောင်နာရီကအချိန်ကိုကြည့်တော့ ည၇နာရီ။ခပ်လျောလျောကျနေတဲ့စောင်ကို မြပခုံးတွေလုံသည်အထိ ခြုံပေးလိုက်ရင်း မြကိုယ်လုံးလေးကိုဖက်ထားလိုက်လေသည်။
ဒီညတော့ ညစာတောင်မစားမိတော့ပဲ သူနဲ့မြ အိပ်ပျော်သွားလေတော့သည်။
မနက်ဖြန်မှပဲ မြကိုရွာတော်ကြီးကိုခေါ်သွားတော့မည်။

~~~~~~~~~~~~~~~~~~~~~~~~~~

"ကျွန်မကိုအိမ်ပြန်ပို့ပေး ကိုခွန်းညို"

သူအင်္ကျီဝတ်နေရင်းကြားလိုက်ရတဲ့စကားကြောင့် အင်္ကျီကြယ်သီးတွေတပ်နေတဲ့ သူ့လက်တွေရပ်တန့်သွားလေသည်။

"ကျုပ်တို့ရွာတော်ကိုပဲသွားမယ် ကျုပ်မြကိုပြန်အပ်ရမယ် အဲ့အတွက်အဘနဲ့အမေဆီကိုသွားရမယ် မြ"

"ကျွန်မ မသွားချင်ဘူး ကျွန်မကိုပြန်မအပ်လဲနေ"

"မြ!!!"

မြစကားကြောင့် ခွန်းညို မြနာမည်ကိုခေါ်လိုက်မိသည်။မြကတော့ ကုတင်ပေါ်မှာ ခြေချထိုင်လျက် မျက်နှာထားတင်းတင်းနဲ့သာ။မြသည်ဒီအခြေအနေရောက်သည်အထိ သူ့ကိုမကြည်ဖြူသေးပါ။

"ကျုပ် မြကို အစထဲက လာတောင်းဖို့အစီအစဉ်ရှိပြီးသာပါဗျာ...အခုလိုအခြေအနေတွေအမျိုးမျိုးပြောင်းလဲသွားလို့သာ ကျုပ်ဒီလိုလုပ်လိုက်ရပေမဲ့ ကျုပ်အတွက်မြကအဖိုးတန်ဆုံးအမျိုးသမီးပါပဲ"

"မလိုဘူး ကိုခွန်းညို ကျွန်မတန်ဖိုးကအစထဲက မြင့်ပြီးသား ရှင်ဒီလိုသာမလုပ်ခဲ့ရင် ကျွန်မတန်ဖိုးကကျစရာကိုမရှိတာ ရှင်သိထားဖို့က ကျွန်မတန်ဖိုးကရှင့်ကြောင့်ကျပြီးသွားပြီပဲ"

"ကျွံ"(အကြင်သူ၏ဤချစ်ခြင်းနွံမှာကျွံ)(Complete)Where stories live. Discover now