Final Part(Unicode)

5K 126 3
                                    


"ကျွံ"

Part(21) OR Final Part

မနက်စောစော မအီမသာဗိုက်သည် မနက်၁၀နာရီလောက်ကျ တဖြေးတဖြေးနာလာလေသည်။မြအသိစိတ်ကိုကပ်ပြီး ဘုရားကိုအာရုံပြုကာ မေတ္တာသုတ်ကိုသာ ရွတ်နေလေသည်။
အစပိုင်းမှာတစတစနာသည့်ဗိုက်ကအခုဆိုရင် တော်တော်နာလာပြီဖြစ်သည်။မြချွေးစီးတွေပါထွက်လာသည်။မခံမရပ်နိုင်သည်အထိနာပါသည်။

"မြ အော်ချင်အော်ချလိုက်...ရတယ်"

လက်သည်ဒေါ်တင်စကားကိုမြကြားလိုက်ရသည်။
အံကြိတ်ခံထားပေမဲ့ မြ မေတ္တာသုတ်တောင်မရွတ်နိုင်တော့ပါ။မြအခန်းထဲမှာ အမေ မခင်အေးနဲ့လက်သည်ဒေါ်တင် ရှိသည်။အခန်းအပြင်မှာတော့ သူနဲ့အဘ ပြီးတော့ အောင်မောင်းနဲ့ငထွေးလဲရှိသည်။

ခွန်းညိုဂနာမငြိမ်တော့ပါ။မြဆီကအော်သံရော ကလေးသံရောပါထွက်မလာသေးပါ။မြဗိုက်နာနေပြီဖြစ်ကြောင်း အမေထွက်ပြောသွားတာ ကြာပေမဲ့ဘာအသံမှမကြားရသေး။အင်္ဂုလိမာလသုတ်ကို သူရွတ်နေတာ အခေါက်ပေါင်းမရေနိုင်တော့။
မြဆီကဘာအသံမှမကြားပေမဲ့ မကြာလိုက်ပါ မြအော်သံကိုကြားလိုက်ရသည်။တော်တော်နာကျင်နေသည့်ပုံပဲ။မြအသံကြောင့် သူမျက်ရည်တောင်ကျမိသည်။
မြကိုသူမနာကျင်စေချင်ပါ။အောင်မောင်းနဲ့ငထွေးကတော့ခွန်းညိုကိုကြည့်ပြီးအံ့ဩနေလေရဲ့။ မိန်းမကလေးမွေးလို့ငိုတာ သူသာရှိပေဦးမည်။ရန်ပွဲတကာရန်ပွဲအပွဲပွဲနွှဲလာသည့် ရွာလူမိုက်ခေါင်းကြီးက မိန်းမကလေးမွေးလို့ မျက်ရည်ကျသတဲ့လေ။
အချိန်အတန်ကြာသည့်အခါ

"အူဝဲ အူဝဲ"

ကလေးငိုသံလေးကြားလိုက်ချိန်မှာ သူ့ရင်ထဲတစ်ခုလုံးဗြောင်းဆန်သွားလေသည်။အမေက ကလေးကိုအနှီးနဲ့ထုပ်ကာ အပြင်ခဏထွက်ပြသည်။

"မြေးမလေးတော့"

သူ သမီးလေးမွေးတာဖြစ်သည်။ရွာကလူတွေမှန်းပေးတာ မှန်သည်ပင်။သို့သော်သမီးဆီစိတ်မရောက်နိုင်သေး။

"အမေ မြရော မြ နေကောင်းတယ်မှတ်လားဟင်"

"မြအဆင်ပြေပါတယ် အခုပင်ပန်းလို့ခဏမှေးနေတာ"

🎉 You've finished reading "ကျွံ"(အကြင်သူ၏ဤချစ်ခြင်းနွံမှာကျွံ)(Complete) 🎉
"ကျွံ"(အကြင်သူ၏ဤချစ်ခြင်းနွံမှာကျွံ)(Complete)Where stories live. Discover now