Part(7)(Unicode)

2.9K 84 2
                                    


"ကျွံ"

Part(7)
————-
————-

ဘုရားငုတ်တိုရွာလမ်းအတိုင်း သူတို့လှည်းကမောင်းဝင်လာလေသည်။
လေတဖြူးဖြူးနဲ့ အညာနေခပ်ကျကျ နဲ့ ရွာလမ်းတစ်လျှောက်
ထနောင်းပင် ရှားစောင်း ဒဟတ် သန်း တမာပင်တန်းတွေကအစီအရီ။သနပ်ခါးပင်တချို့ကိုလဲ တွေ့ရသည်။အညာနွေပူပူရဲ့ဖုန်ထူထူမှာ သူတို့လှည်းကတော့ ဘုရားငုတ်တိုသူလေး အိမ်အနားကိုရောက်ခါနီးလေပြီဖြစ်သည်။
ထုံးစံအတိုင်း သူစားတဲဖြစ်တဲ့ ကောက်ရတို့အိမ်မှာပဲ သူလှည်းထားလိုက်သည်။

"အကို မနက်ဖြန်ဆို မြသွေးကိုလာမြန်းတော့မှာတဲ့ အကိုဒီတိုင်းပဲကြည့်နေတော့မှာလား"

"ဒီတိုင်းမကြည့်လို့ ငါကဘာလုပ်ရမှာလဲ"

တောက်ရက အားမလိုအားမရပြောလိုက်ပေမဲ့ ပေါ့ပျက်ပျက်ဖြေလာတဲ့ခွန်းညိုစကားကြောင့် တောက်ရ ဆွံအသွားရသည်။

>> ဘာလဲ ကိုခွန်းညိုက မြသွေးကိုတကယ်သဘောမကျတာလား။

ဝိုင်းထဲက မန်ကျည်းပင်အောင် ခပ်တည်တည်ထိုင်ကာ ဆေးလိပ်ကို စိတ်အေးလက်အေးသောက်နေတဲ့ ခွန်းညိုကို တောက်ရဘာဆက်ပြောရမလဲ မသိတော့။
တကယ်က ဒီအိမ်မှာ ကောက်ရနဲ့တောက်ရ ညီအကိုနှစ်ယောက်သာနေကြသည်။သူတို့ညီအစ်ကိုမှာ မိဘတွေတော့မရှိကြတော့။ဒါကြောင့်လဲ တောက်ရကို သူ့သူငယ်ချင်းကောက်ရက အကိုပီသစွာရှာဖွေကျွေးမွေးသည်။အလုပ်ကတော့ အောက်ပြည်ဘက် ဖောင်နဲ့ကုန်ကူးခြင်း။အညာထွက် သနပ်ခါး ထန်းလျက် မန်းကျည်းသီးစတာတွေကို အောက်ပြည်က ငါးပိငါးခြောက်နဲ့ ကူးချည်သန်းချည်ကုန်သည်လုပ်သည်။
အဲ့တာမို့ ကောက်ရက အိမ်မှာ သိပ်ကပ်လေ့မရှိ။ဒီတစ်ခေါက်လဲ အောက်ပြည်ဘက် ကုန်ချကုန်တင်လုပ်နေခြင်း။
ညီအကိုနှစ်ယောက်ထဲရှိတာကို ဘာလို့အလုပ်တွေနင်းကန်ခွလုပ်နေလဲဆိုတော့ ဒီကောင်က မကြာခင် လက်ထပ်တော့မှာလေ။သူ့ရည်းစားကတော့ ဒီဘုရားငုတ်တိုကပဲ။

"အောင်မောင်း"

"ဗျာ အကို"

"ထန်းရည်သွားဝယ်ကွာ"

အိမ်ပေါ်မှာထန်းလျက်သွားယူနေသည့် တောက်ရ ခွန်းညိုစကားကိုကြားသည်နှင့်

"ကျွံ"(အကြင်သူ၏ဤချစ်ခြင်းနွံမှာကျွံ)(Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ