3.U/Z

407 13 5
                                    

Uin📌📌📌📌
......................

"မင်းခတ်စံဘယ်မှာလဲမင်းလူ "

"လာနေပြီ မကြာခင်ရောက်တော့မှာ"

"အဟွန်း..ဟုတ်ရောဟုတ်လို့လားမင်းလူကငါ့ကိုကြောက်ပြီးတမင်မလာဘဲနေတာမဟုတ်ဘူးလား"

"ခွေးစကားလာမပြောနဲ့ဟေ့ရောင်
သီဟ!!"

"ဟိုးထား..ဟိုးထား ငါကဒီတိုင်းပြောလိုက်တာပါ အဲ့လောက်နာစရာမလိုဘာဘူးကွ"

" ဒါပေါ့....ငါတို့ကမင်းစကားကိုဘယ်နာမလဲ အသင်္ချေကိုတောင်မင်းတစ်ပွဲလောက်နိုင်ဖူးသေးတာနဲ့လာလေကျယ်
မနေနဲ့ သီဟ ငါမရီချင်သေးဘူး "

"တောက်စ်... ကွင်းထဲရောက်မှငါနိုင်မလား မင်းတို့လူအသင်္ချေကနိုင်မလား
စောင့်ကြည့်ပေါ့"

"ဟိုမှာတွေ့လားငါတို့အသင်္ချေလာနေပြီ"

မင်းခတ်ကတော့သူငယ်ချင်းဖြစ်အသင်္ချေကိုတွေလိုက်သည်နှင့်မျက်နှာကမော်ချီပြီးသားဖြစ်သွားတော့သည်

ကားသော့ကိုလက်ထဲလှည့်ပြီးလျှောက်လာတဲ့အသင်္ချေပုံစံကသိပ်ကိုမိမိုက်လွန်းသည် လေးတောင့်ဆန်တဲ့မျက်နာပေါက်နဲ့ မဲနက်နေတဲ့မျက်ခုံးတန်းရယ်အစိမ်းရောင်သန်းနေတဲ့မှေးကျင်ကျင်မျက်ဝန်းတွေက သားရဲတစ်ကောင်ပါမှာအေးစက်စူးရှပြီး ခန္တာကိုယ်ကအချိုးစားညီခါတောင်ဖြောင့်နေပြီးအမိုက်စားဘော်ဒီကိုပိုင်ဆိုင်ထားတဲ့အသင်္ချေကအလွန်ကိုကြည့်ကောင်းလွန်းသည်။ အသင်္ချေဆိုတာနဲ့ဘေးမှာဝိုင်းဝိုင်းလည်နေတဲ့လန်းစားစော်လေးတွေကလည်းပေါမှပေါ သို့ပေမယ်အသင်္ချေရဲ့ထုံးစံမှာဘယ်လောက်လန်းတဲ့စော်ကလေးဖြစ်နေပါစေ သုံးရက်ထက်ပိုမတွဲတာပါဘဲ

"ရွီ....ရွီ"

"လေချွန်မနေနဲ့မြန်မြန်လာကွ ဒယ်ဒီအသင်္ချေရ"

"ီး္ကိုဒယ်ဒီလာကွ ငါအချိန်မှီရောက်တယ်မဟုတ်ဘူးလား"

မင်းခတ်တစ်ယောက်ကတော့အသင်္ချေပြောလာတဲ့စကားကြောင့်မျက်ဖြူသာလန်ချင်သွားတော့သည် ပွဲစဖို့သုံးမိနှစ်အ လိုမှရောက်လာတာကို ပြောလိုက်တဲ့ကိုကအဆဲခံလိုက်ရသေးတယ်

Chae(ချေ)ခတ္တရပ်နားထားပါသည်Where stories live. Discover now