6.U/Z

402 18 2
                                    

Uin📌📌📌
...................

"သားနေနေ သတိုးကိုလိုက်ပို့ခိုင်းလိုက်လေကွယ်"

နေနေအလုပ်ကိုတက္ကဆီနဲ့သွားဖို့ပြင်နေတာမို့အစောကတော့မအားတဲ့သူတွေကိုလိုက်ပို့ခိုင်းဖို့ပြင်နေလေရဲ့ ပါပါးနဲ့လေးနှောင်က ကလည်းမနက်ကတည်းကပြင်ဦးလွင်ဘက်ကိုအလုပ်ခရီးထွက်သွားကြပြီ

"ရပါတယ် အစောရဲ့သတိုးကအလုပ်ထဲသွားရမှာကိုလမ်းမှမတိုက်တာ"

"တူအရီးတွေအခုလိုငြင်းနေတာနဲ့တင်ပဲကလေးကအလုပ်ထဲရောက်တော့မှာမဟုတ်ဘူး စစ်ပဲလိုက်ပို့လိုက်ပါ့မယ်"

"လေးလေးစစ်ဘယ်အချိန်ပြန်ရောက်တာလည်းဟိုနေ့ကပြောတော့ဂျပန်မှာလေးငါးရက်လောက်နေရဦးမှာဆို"

"ဟုတ်တယ်လေ လေးလေးရဲ့တစ်ဦးတည်းသောတူလေးကိုလွမ်းလွန်းလို့ပြန်လာတာ"

"ပြောတာပါဘဲ အစောကိုလွမ်းလို့ပြန်လာတာကိုနေနေ့ဘက်လာလွဲချနေတယ်"

"တယ်..ဒီကလေးတော့"

"နေနေရဲ့လေးစစ်ကအစောထက်နေနေ့ကိုပိုချစ်နေတာသိရဲ့လား"

နေနေကမိသဆိုးလေးလိုဖြစ်နေတာမို့တစ်အိမ်လုံးကအလိုလိုက်ပြီးဖူးဖူးမုတ်ခံရတဲ့သူပင် အငယ်ဖြစ်တဲ့သတိုးကအစနေနေ့ကိုအကိုလေးလို့ခေါ်ပြီးစိတ်ပူပန်တတ်သည်

"ဟော..အစောပြောနေပြီ လေးစစ်လိုက်မပို့ပါနဲ့တော့ဗျာ ကြည်နူးတီတူးနေတဲ့အတွဲကိုမခွဲရက်လို့"

"ဟား..ဟား"

နေနေ့စကားကြောင့်လေးစစ်ကတော့တစ်ဟားဟားအော်ရယ်နေပြီးအစောကတော့မသိချင်ယောင်ဆောင်နေတော့၏

နေနေခြံရှေ့ကိုထွက်လာတော့မြင်လိုက်ရတဲ့ကားအနီကြောင့်စိတ်ထဲရှုပ်သွားရသည် စောစောစီးစီးသူများအိမ်ရှေ့ဘာလာလုပ်နေမှန်းမသိ

နေနေ့ကိုမြင်လို့ထင်ပါရဲ့ထိုသူကကားပေါ်ကနေဆင်းပြီးနေနေရှိရာဘက်လာခဲ့၏
လေးတောင့်ဆန်တဲ့မျက်နှာပေါက်နဲ့စွန်ရဲငှက်တောင်ပံလိုမဲနက်ပြီးတန်းမှတ်နေတဲ့မျက်ခုံးတန်းနှစ်သွယ် မှေးကျင်ကျင်းမျက်ဝန်းအိမ်တွေနဲ့အစိမ်းရောင်သန်းနေတဲ့မျက်ဆံတွေက ထိုငဂျစ်ကောင်နဲ့ပိုပြီးလိုက်ဖက်မူ့ရှိလှသည် ဂုတ်ထောက်နေတဲ့ဆံပင်ငွေရောင်ဆံပင်တွေကိုခတ်မြင့်မြင့်ချည်နှောင်ထားပြီးညာဘက်နှုတ်ခန်း
ပေါ်ကမှဲ့နက်ကလေးကစွံငှားစွာတည်ရှိနေတာမို့အတော်လေးကြည့်ကောင်းတဲ့
အထဲတော့ပါသည် ဒါကြောင့်မိုကောင်မလေးတွေကိုတစ်ယောက်ပြီးတစ်ယောက်ပြောင်းတွဲနေတာဖြစ်ရမည်

Chae(ချေ)ခတ္တရပ်နားထားပါသည်Where stories live. Discover now