7.Uin/Zawgyi

576 18 2
                                    


Uin📌📌📌

ဒီနေ့တော့အသင်္ချေရဲ့ဒေါသတွေဟာမိုင်ကုန်ထွက်တောကြောင့်ကုမ္ပဏီရှိဝန်ထမ်းအားလုံးအပ်ကျသံပင်မထွက်ရဲကြပေ အပ်ကျသံမထွက်ရဲဆိုလို့ အသင်္ချေဒီနေ့ဒေါသထွက်လည်းထွက်ချင်စရာပင် လစာကျအပြည့်အဝလိုချင်ကြပြီးအလုပ်ကိုပေါ့ပျက်ပျက်လုပ်ရုံ မကနောက်
ကျောကဓါးထိုးချင်သူကြောင့်ဖြစ်သည်

"မင်းတို့ဒီအသေးစားပရော့စ်ဂျက်ကလေးတစ်ခုကိုတောင်မှဖြစ်မြောက်အောင်မလုပ်နိုင်ကြဘူးလားဟမ်!"

"..............."

အသင်္ချေထိုသို့ပြောလိုက်လေတော့ Mettingခန်းထဲမှာရှိတဲ့သူအားလုံးခေါင်းကိုသာငုံ့ချထားပြီးဘာစကားမှထွက်မလာခဲ့ကြပေ။ ပရော့စ်ဂျက်တစ်
ခုကိုတောင်မှပြီးမြောက်အောင်မလုပ်နိုင်ကြဘဲ ဖြတ်စားလတ်စားကလုပ်ချင်ကြသေးသည်။

"ခဗျားတို့ရေးဆွဲလာတဲ့အချက်လက်တွေကိုကြည့်လိုက် တစ်ရက်လာလည်းဒီပုံနှစ်ရက်လာလည်းဒီပုံစံ ကျုပ် ဒီလိုတစ်ပုံစံထဲလိုချင်ရင် ခဗျားတို့ကိုလစာပေးပြီးခေါ်ထားမနေတော့ဘူး မိတ္တူစက်တစ်လုံးသာဝယ်ထားလိုက်ရုံပဲ"

"ခဗျားတို့ကိုဒီပရော့စ်ဂျက်အတွက်ကျုပ်အချိန်ပေးထားတာဘယ်လောက်လဲ"

"6လပါဘော့စ်"

"အခုခဗျားတို့က6လနဲ့မပြီးနိုင်ဘူးဆိုလို့ကျုပ်ဘာမှမပြောဘဲ3လထပ်တိုးပေးထားတယ်ဒါကိုတောင်မရသေးဘူးဆိုတော့ ခဗျားတို့မလွန်လွန်းဘူးလားဟမ်"

"ဒီမယ်မောင်ရင် ဦးတို့ဘက်ကလည်းအကောင်းဆုံးကြိုးစားပြီးလုပ်ကိုင်ပေးနေတာပဲဒါကိုမောင်ရင့်ဘက်ကအသိမှတ်မပြုဘူးဆိုရင်တောင်မှ မောင့်ရင့်အလုပ်ကိုခုလိုကြိုးစားလုပ်ကိုင်ပေးနေတဲ့သူတွေကိုအားနာမူ့တော့ရှိသင့်တယ်"

"အားနာမူ့ဟုတ်လား​"

အသင်္ချေ့နောက်ကျောကိုဓါးနဲ့ထိုဖို့လုပ်နေတဲ့သူပါးစပ်ကထိုစကားထွက်လာတော့အသင်္ချေအတော်လေးအံ့သြမိ
သည် တော်တော်မျက်နာပြောင်တိုက်နိုင်တဲ့လူ ဝန်တမ်းတွေဘက်ကိုကာပြောသလိုပုံစံနဲ့အသိမှတ်ပြုမူ့ခံချင်နေတာပေါ့လေခဗျားက ဝန်းထမ်းတွေအကုန်လုံးကလည်း ထိုသူ့စကားကိုထောက်ခံတဲ့အကြည့်တွေကြည့်နေကြတော့၏

Chae(ချေ)ခတ္တရပ်နားထားပါသည်Where stories live. Discover now