5.U/Z

370 17 2
                                    

Uin📌📌
............

နေနေတစ်ယောက်ဒီနေ့တော့စိတ်လှုပ်ရှားစွာနဲ့တက်ကြွနေတော့၏

ထိုသို့ဖြစ်ရခြင်းမှာတစ်ခြားကြောင့်မဟုတ် သုခရိပ်ဆေးရုံကြီးမှာအလုပ်စဝင်တဲ့ပထမဆုံးရက်ဖြစ်နေသောကြောင့်ပင်

ပါပါးကပြောတယ်ကျူတီကုတ်အဖြူလေးနဲ့ နေနေကအလွန်ကိုလိုက်ဖက်လွန်းတယ်တဲ့လေ

အနက်ရောင်ကိုသိပ်ကြိုက်တဲ့နေနေကဒီနေ့မှာတော့ခါတိုင်းနဲ့မတူတစ်မူထူးခြားစွာမီးခိုးရောင်စတိုင်ပင်နဲ့ အဖြူနဲ့အဝါရောစပ်ထားတဲ့ရှပ်ကွယ်လက်ရှည်ကိုထွဲဝတ်ထားပြီးကျူတီကုတ်အဖြူလေးကိုလွမ်းခြုံကာဝတ်ဆင်ထားသည်။

နှဖူးပေါဝဲကျနေတတ်တဲ့ဆံပင်တွေကိုတော့ဆီအချို့နဲ့အပေါ်ကိုသပ်တင်ထားတာမို့ဝဲဘက်နှထင်နားမှာရှိတဲ့မှဲ့နက်ကလေးကထင်ရှားစွာပေါ်လွင်နေတော့၏။

ကော့စင်းနေတဲ့မျက်တောင်ရှည်လေးတွေနဲ့နာတံစင်းစင်းကလေးရယ်ပယင်းရောင်သန်းနေတဲ့မျက်ဝန်းတောက်တောက်လေးတွေကစူလဲ့စွာနဲ့တောက်ပနေသည်။

ခါတိုင်းတင်းတင်းစေ့ထားတတ်တဲ့နှုတ်ခန်းတစ်ဆုံကလည်းဒီနေ့မှာတော့ပန်းသွေးရောင်သန်းနေပြီးကော့ညွတ်ခါပြုံးနေသယောင်

ထိုအပြုံးတွေကိုသေချာကြည့်မယ်ဆိုရင်တော့အဓိပ္ပါယ်အချို့ပါဝင်နေတာကိုတွေ့မြင်နိုင်လိမ့်မည်

နေနေ့ခြေလမ်းတွေကနှလုံးအထူးကုဌာနကိုချိုးကွေ့သွားပြီးပါမောက္ခချုပ်ရုံးခန်းဘက်ကိုဦးတည်သွားတော့၏

"ဒေါက်...ဒေါက်"

"ဝင်ခဲ့"

"ရောက်လာပြီလားမောင်ရင်"

"ဟုတ်ကဲ့ဗျ"

"ဦးကိုသားရှိန်ခနခနပြောနေလို့မောင်ရင့်ကိုအပြင်မှာအခုလိုဆုံဖူးချင်နေတာကွဲ့"

"မောင့်ရင်လို့သိပ်ကိုထူးချွန်တဲ့ဒေါက်တာကတစ်ခြားကမ်းလှမ်းတဲ့ဆေးရုံကြီးတွေကိုငြင်းပယ်ပြီးဒီဆေးရုံမှာအလုပ်လိုခြင်တယ်ဆိုတော့ဦးကအံ့သြနေတာ"

"ဟုတ်ကဲ့ကျွန်တာ်အထင်တစ်ခြားသောဆေးရုံတွေထက်ဒီဆေးရုံးက ကျွန်တော်အတွက်ပိုသင့်တော်မယ်ထင်လို့ပါ နောက်တစ်ခုကကျွန်တော်ကိုယ်တိုင်ကလည်း ဒီဆေးရုံကလေးကိုနှစ်သက်မိလို့ပါ"

Chae(ချေ)ခတ္တရပ်နားထားပါသည်Where stories live. Discover now