အူဝဲ အူဝဲ အူဝဲ..
ဆေးရုံအခန်းတွင်းတစ်နေရာမှကလေးငိုသံပျံ့လွင့်လာလေသည်။
''ဆရာ ဆရာကတော်ကသားလေးမွေးပါတယ်ဒါပေမယ့်ကလေးက သာမာန်ကလေးမဟုဘူးဗျ''
''ဟင် ငါ့သားကဘာလို့ပုံမှန်မဟုရတာလဲ''
''ရော့ဆရာကိုယ်တိုင်ကြည့်ကြည့်ပါ''
ကလေးသေးသေးနီတာရဲလေးကိုလက်ထဲသို့ထည့်ပေးလာသောကြောင့် အမြန်ပင်ပွေ့ချီလိုက်သည်။ဖြူဖြူဖွေးဖွေးလက်သေးသေးလေးတေနှင့်မျက်လုံးတောင်မဖွင့်သေးသောကလေးပိစိလေး ထိုကလေးလေးကိုကြည့်ရင်းဉီးမြတ်ထင်အချစ်တေပိုလာရသည်။
''ဟေ့ကောင် စိုးဝင်း ငါ့သားကပုံမှန်ပါဘဲကွ ချစ်စရာသေးသေးလေး မင်းကဘာလို့အဲ့လိုပြောရတာလဲ''
''ဆရာ အနှီးကိုဖြည်ပြီးကြည့်လိုက် ကြာပါတယ် ဆရာချီထားပါ ကျွန်တော်ပြမယ်။''
စိုးဝင်းလည်းစိတ်မရှည်ဟန်ဖြင့်အနှီးဖြည်ပြလိုက်ရာ
'ဟင် ဒါ ဒါက''
''ဟုတယ်ဆရာ ဆရာ့သားလေးကဒွိလိင်တဲ့ခုနကဆရာဝန်ပြောတာကြားလိုက်တာ အဲ့တာကြောင့်သူများနဲ့မတူတာ''
ဉီးမြတ်ထင်တစ်ယောက်သွေးနာထင်ရောက်သွားရသည်။သူတို့လိုမျိုးရိုးမှာသာဒီလိုကလေးပါလာခဲ့ရင်သေချာပေါက်အရှက်ကွဲမည်ဖြစ်သည်။ဒီလိုတော့အဖြစ်မခံနိုင်
''စိုးဝင်း ဒီကလေးကိုလွှင့်ပစ်လိုက် ဝေးဝေးမှာသွားလွှင့်ပစ် ကြားလား''
'' ဗျာ ဟု ဟုကဲ့ ဆရာ ဆရာကတော့်ကိုရောဘယ်လိုပြောကြမလဲဟင်''
''အဲ့တာငါ့ဘာသာလုပ်မယ် ဒီကလေးကိုသာသူများမသိခင်သွားပစ်စမ်းပါ''
YOU ARE READING
မောင့်ဝေရီ
Romanceမိတ်ဆက် မောင့်ဝေရီ ficလေးကကို့ရဲ့ပထမဆုံးficပါ။ ဒီficလေးကိုအကောင်းဆုံးကြိုးစားပြီးရေးထားပေမယ့်ပထမဆုံးရေးသားခြင်းမို့ အမှားပါခဲ့ရင်ခွင့်လွတ်ပါ မကောင်းတာမျိုးရှိခဲ့ရင်လည်း ဝေဖန်ထောက်ပြကြပါဉီး။ ☘☘