မောင့်ဝေရီ(အပိုင်း၃)

813 22 3
                                    

ဆောင်းရာသီ၏လေပြေများကလည်းတိုက်ခက်နေသည်။နှင်းမှုံနှင်းစလေးတို့ကလည်းဟိုတစ်စဒီတစ်စ သစ်ပင်ပန်းပင်ကလေးများသည်လည်းဆောင်းလေပြေတို့ကြား၌ပျော်ရွှင်မြူးတူးစွာ ကခုန်နေကြလေသည်။

ထိုစဉ် တိတ်ဆိတ်ငြိမ်သက်နေသောအိမ်တော်ကြီးအတွင်းသို့ဝင်ရောက်လာသောကားသံသည် ပတ်ဝန်းကျင်၏တိတ်ဆိတ်မှုကိုဖြိုခွင်းသွားသည်။

''သားရေ သားလေး မေကြီးတို့ပြန်လာပြီ''

''ဟာ မေကြီး ကြာလိုက်တာမေကြီးရာသားကသတိရနေတာ''

''အချွဲလေး မေကြီးကိုလွမ်းနေတာပေါ့ဟုလား''

''ဟု ဒါနဲ့မေကြီးသားပတွက်လက်ဆောင်ပါလား။မပါရင်သားကစိတ်ဆိုးမှာနော် ဒါဘဲ''

''အမလေး မေကြီးသားချစ်တုံးလေးအတွက်မေ့စရာလား ကိုမင်းမောင်ရေ မြန်မြန်လာပါ သားလေးကိုစပရိုက်လုပ်ရအောင်''

''လာပြီထိပ်ထားရေ''

ဖေကြီးနှင့်အတူဖေကြီးလက်ထဲမှာပါလာသောဖြူဖြူဖွေးဖွေးကလေးပိစိလေးကြောင့်သူ​ကြောင်သွားရသည်။

''မေကြီး မေကြီးပြောတော့သားအတွက်လက်ဆောင်ဆို ဘယ်မလဲ''

''ဟောဗျာ ငါ့သားဘဲအငယ်လေးလိုချင်တယ်ဆို မင်းမေကြီးကိုကပ်ချွဲနေတာ​ဖေကြီးကြားမိသလားလို့''

''ဟုတယ်လေဖေကြီးရဲ့ ဒါမဲ့..  ဒါဆိုဒီကလေးလေးက..''

''ဟုတယ်သားရေ သားလေးအတွက်အငယ်လေး''

''သား လာကြည့်ကြည့်လေ''

ဒေါထိပ်ထားလည်းသားဖြစ်သူကိုအမြန်ကလေးအနားသို့ခေါသွားလိုက်သည်။

''မေကြီး ညမလေးကချစ်စရာလေးနော် ဖြူဖြူဖွေးဖွေးသေးသေးလေး''

''သား ဒါကညီမလေးမဟုဘူးလေ ညီလေး''

''ဟင် တကယ်လား''

''ဒါပေါ့သားရဲ့ လာ သားချီကြည့်မလား''

''ဟုမေမေ''

ဓနမင်းစေထိုကလေးသေးသေးလေးကိုချီရင်းသူ၏အမေကိုမော့ကြည့်မိသည်။မေကြီးသည်လည်းသူလိုပျော်ရွှင်နေသည်။

''မေကြီး ညီလေးကိုနာမည်ပေးပြီးပြီလားဟင်''

''အယ် ဟုသား မပေးရသေးဘူးသားရဲ့ မေ့နေလိုက်တာ''

''နာမည်ကိုသားပေးလို့ရလားဟင်မေကြီး''

''ရတာပေါ့သားရဲ့ သားညီလေးဘဲကို သားညီလေးနာမည်ကိုသားကိုယ်တိုင်ပေးတော့ပိုကောင်းတာပေါ့''

ဓနမင်းစေလည်းခဏစဉ်းစားလိုက်သည်။ထို့နောက်တွင်တော့..

''ဝေရီရီငြိမ်း ဓနမင်းစေရဲ့ညီလေးး ဝေရီရီငြိမ်း  လှလားဟင်မေကြီး''

''အို လှတာပေါ့သားရယ် သားကစဉ်းစားတက်လိုက်တာ သား သားညီလေးကိုဂရုစိုက်ရမယ်နော်။မေမေတို့သားအရင်းမဟုဘူးဆိုပေမယ့်လည်း ညီလေးကိုသားရဲ့ညီအရင်းလေးလိုချစ်ပေးရမယ်နော်သား''

''ဟုကဲ့ပါမေကြီး သားဝေရီလေးကိုသားရဲ့ညီလေးအရင်းတစ်ယောက်လိုချစ်မှာပါ''

ဉီးမင်းမောင်ကတော့ပျော်နေရှာသောဇနီးနှင့်သားကိုကြည့်၍ပီတိဖြစ်ရသည်။ဘယ်လိုဘဲဖြစ်ဖြစ်ပါလေ သူ့ဇနီးနဲ့သားပျော်ရွှင်ဖို့ကအဓိကမို့ သူဘာမှဝင်မစွက်ဖက်မိ သူ့မိသားစုပျော်ရင် သူပျော်ရတာပါဘဲလေ။

updateနည်းနည်းကြာသွားတယ်😁တောင်းပန်ပါတယ်ရှင်။နောက်တစ်ပိုင်းပါထပ်upပေးမယ်နော်😘သည်းခံပြီးဖတ်ပေးကြပါဉီး။ဖတ်လို့အဆင်မပြေတဲ့နေရာရှိရင်လည်းထောက်ပြပါ ဝေဖန်ပါနော် စိတ်မဆိုးပါဘူးရှင့်😗

မောင့်ဝေရီWhere stories live. Discover now