ချမ်းအေးလှသောဆောင်းရာသီမှာပင်မအေးချမ်းနိုင်သောလူတစ်ယောက်လည်းရှိလေသည်။
''အကို ခင့်ကလေးရောဘယ်မလဲဟင် ကလေးကကျန်းမာရဲ့လားဟင်အကို''
''ခင် စိတ်ကိုလျှော့ထားနော် စိတ်အေးအေးထားအကိုပြောမယ်''
''ခင့်ကလေးဘာဖြစ်လို့လဲဟင်မကို ခင့်သားလေး ဟင့် ခင့်ကလေး''
''ခင် အကိုတို့ကလေးကအသက်မရှိတော့ဘူးခင် အကိုတို့ကလေး''
''ဆက်မပြောပါနဲ့တော့ ခင်မကြားချင်ဘူး ခင့်သားလေးကိုဘဲခေါလာပေးပါ ခင့်သားလေး သားလေးငိုနေလိမ့်မယ် သူခုချိန်ဆိုနို့ဆာနေလောက်ပြီအကိုရဲ့ ဟင့်''
''စိတ်ထိန်းပါခင်ရယ် စိုးဝင်း ကလေးယူခဲ့စမ်း''
''ဟု ဟုကဲ့ဆရာ''
''ခင်ကို့ကိုကြည့်ပါဉီး စိတ်ကိုထိန်းစမ်းပါခင်ရယ်''
''ဆရာ ဒီမှာကလေး ''
''ခင် ဒီမှာသားလေး အသက်တော့မရှိတော့ဘူးခင်ရယ်''
''အို မဟုတာ ခင့်သားလေးကဘာလို့သေရမှာလဲ သားလေး သားလေးရေ မေမေ့သားလေးကလူချောလေးဘဲ သားလေး ဟင့် ခင့်သားကိုပြန်ခေါပေးပါအကိုရယ် သားလေးကိုကယ်ပေးပါဉီး ခင့်မှာသားလေးသာမရှိရင်ခင်အသက်ဆက်ရှင်နိုင်မယ်မထင်ဘူး ဟင့်''
ဉီးမြတ်ထင်မှာလည်းသားစိတ်ကြောင့်အရူးတစ်ပိုင်းဖြစ်နေသောမိန်းမဖြစ်သူကိုကြည့်ကာမျက်ရည်ကျရတော့သည်။စိတ်မကောင်းဖြစ်ပေမယ့်လည်းမတက်နိုင် ဒီလိုမှမလုပ်ရင်သူ၏သားလေးကိုသူ၏မိသားစုကအလွတ်ပေးကြမယ်မဟုတ်။
အဖေတောင်းပန်ပါတယ်သားရယ် သားကိုအဖေသေချာပေါက်ပြန်ရှာမှာပါ ဒီအဖေကိုခွင့်လွတ်ပေးဖို့မတောင်းဆိုရဲပါဘူး။
ဒီလိုနဲ့အေးချမ်းလှတဲ့ဆောင်းရာသီညတစ်ညဟာပူလောင်မှု ဝမ်းနည်းမှု ယူကျုံးမရမှုစသည့်စိတ်ခံစားချက်မျိုးစုံတို့ဖြင့် ဖုံးလွှမ်းနေလေရဲ့။
ကဲ ထပ်upပေးလိုက်ပါပြီ။နောက်အပိုင်းကျရင်တော့ဝေရီလေးတို့ပါလာပါတော့မယ်နော် စောင့်နေကြရဲ့လား🤓စောင့်နေပေးကြနော် ကိုကရေးသာရေးရတာရယ် သိပ်အားမရဘူး။
YOU ARE READING
မောင့်ဝေရီ
Romanceမိတ်ဆက် မောင့်ဝေရီ ficလေးကကို့ရဲ့ပထမဆုံးficပါ။ ဒီficလေးကိုအကောင်းဆုံးကြိုးစားပြီးရေးထားပေမယ့်ပထမဆုံးရေးသားခြင်းမို့ အမှားပါခဲ့ရင်ခွင့်လွတ်ပါ မကောင်းတာမျိုးရှိခဲ့ရင်လည်း ဝေဖန်ထောက်ပြကြပါဉီး။ ☘☘