ကော်ဖီဆိုင်လေးအတွင်းရှိရာသီဉတုမှာတစ်ယောက်သောသူအတွက်ပြိုတော့မယ့်မိုးလိုထှိုင်းမှိုင်းနေလေတော့သည်။
''ဝေရီ တစ်ယောက်တည်းလား။''
ဝေရီလည်းအသံကြားရာလှည့်ကြည့်ရာ ရာဇသံကိုတွေ့ရသည်။
''ဟာ ရာဇသံ မင်းကရောတစ်ယောက်တည်းလား''
''အေးပေါ့ကွ တစ်ယောက်တည်းပေါ့။ဘယ်နှယောက်မြင်လို့လဲမင်းက''
''မဟုပါဘူး သော်တာတို့များပါမလားလို့မေးကြည့်တာ''
''မပါဘူး ငါတစ်ယောက်တည်းဘဲ။အေးဆေးလေးကော်ဖီသောက်ချင်လို့ထွက်လာတာ။သူတို့နှစ်ယောက်ပါရင်သိတဲ့အတိုင်းဘဲ ပွစိပွစိနဲ့ အေးဆေးသောက်ရမှာမဟုဘူး။''
''အေး အဲ့တာတော့ဟုတ်တယ်။ဒီဝိုင်းမှာဘဲထိုင်ချင်ထိုင်လေ''
''ငါမေးတာလည်းမဖြေရသေးဘူး။မင်းတစ်ယောက်တည်းလာတာလားလို့ မဟုတ်မှလွဲရောရည်းစားတေဘာတေနဲ့များချိန်းထားတာလား။''
''ဘယ်ကသာ ငါ့မှာဘာရည်းစားမှမရှိဘူး။ခုကကိုကိုနဲ့ခဏလိုက်လာတာ။''
''aww အကိုဓနကခါတိုင်းဆိုမင်းကိုမျက်စိရှေ့ကနေအပျောက်ခံတာတောင်မဟုတ်ပါဘူး။တူတူလာတယ်လည်းပြောသေး အခုအငိုဓနကဘယ်မှာလဲ။''
ရာဇသံ၏အမေးကိုဝေရီချက်ခြင်းမဖြေနိုင်။ခဏငြိမ်ကျသွားပြီး ဟိုဘက်အဝိုင်းမှာဟုလက်ဖြင့်ညွှန်ပြကာခေါင်းငုံ့မိသည်။
ရာဇသံလည်းဝေရီညွှန်ပြရာကိုကြည့်လိုက်ရာ မိန်းကလေးတစ်ယောက်နှင့်ပြုံးရီကာစကားများတရစပ်ပြောနေသောသူ့သူငယ်ချင်းဝေရီ၏ချစ်လှစွာသောအကို။သူငယ်ချင်းအရင်းကြီးတေမို့ ဝေရီအကိုဓနအပေါ်ဘယ်လိုစိတ်ရှိတယ်ဆိုသူတို့သူငယ်ချင်းတစ်စုလုံးအကုန်သိကြသည်။
''ကဲပါ သိပ်လည်းစိတ်မကောင်းဖြစ်မနေနဲ့။သူတို့ကခုဘယ်အဆင့်ရောက်နေကြပြီလဲ။''
''ကိုကိုကမြတ်နိုးကိုသဘောကျနေတာ မြတ်နိုးကလည်းကိုကို့ကိုသဘောကျတဲ့ပုံပါဘဲ။အဲ့တာကိုကိုကဒီနေ့ဖွင့်ပြောမယ်တဲ့ ငါ့ကိုပါခေါ်လို့ ငါကလိုက်လာတာ။''
YOU ARE READING
မောင့်ဝေရီ
Romanceမိတ်ဆက် မောင့်ဝေရီ ficလေးကကို့ရဲ့ပထမဆုံးficပါ။ ဒီficလေးကိုအကောင်းဆုံးကြိုးစားပြီးရေးထားပေမယ့်ပထမဆုံးရေးသားခြင်းမို့ အမှားပါခဲ့ရင်ခွင့်လွတ်ပါ မကောင်းတာမျိုးရှိခဲ့ရင်လည်း ဝေဖန်ထောက်ပြကြပါဉီး။ ☘☘