မောင့်ဝေရီ(အပိုင်း ၁၁)

414 17 3
                                    


ဖြာကျနေသောနေရောင်ခြည်ကအခန်းငယ်လေးအတွင်းနေရာယူလျက်ရှိသည်။တဆစ်ဆစ်ကိုက်နေသောခေါင်းနှင့်အတူဝေရီနိုးထလာလေသည်။အိပ်ယာဘေးရှိစားပွဲပေါတွင်တင်ထားသောဖုန်းကိုယူကာဖွင့်ကြည့်လိုက်သည်။ဖုန်းပေါတွင်ပေါ်လာသောပုံရိပ်ကြောင့်ဝေရီအလိုလိုပြုံးမိသည်။တစ်ဆက်တည်းမှာဘဲသူ့နှလုံးသားကနာကျင်လာရသည်။မျက်ရည်တစ်စက်ကလည်းသူ၏ပါးပြင်ပေါနေရာယူလျက်။

''ဝေရီ ဝေရီ ထတော့လေ''

''ဟုတ် ကိုကိုဝေရီနိုးပါပြီ''

''အဲ့ဆိုကိုကိုဝင်လာမယ်နော်''

ဝေရီလည်းကျဆင်းနေသောမျက်ရည်တို့ကိုလက်ဖြင့်အလျင်အမြန်ဖိသုတ်လိုက်သည်။

''ဝေရီ နေမကောင်းဘူလား။ခါတိုင်းဆိုကိုကို့ထက်အရင်နိုးနေတဲ့သူကခုတော့ မျက်နှာတောင်မသစ်ရသေးပါလား ဟမ်''

''ဟာ ကိုကိုကလည်း ဝေရီညကအိပ်ယာဝင်တာနောက်ကျသွားလို့ပါကိုကိုရဲ့။ကိုကိုကငြိုငြင်တာလား ပြော''

''မငြိုငြင်ပါဘူးဗျာ။နောက်ဆိုကိုကို့ရဲ့မြှားနတ်မောင်လေးဖြစ်လာတော့မှာကို ကိုကိုကငြိုငြင်စရာလား။''

''ကိုကို့မြှားနတ်မောင်လုပ်ပေးမယ်လို့ဘယ်သူကပြောလို့လဲ။တစ်ခါမှလည်းမပြောဘူးပါဘူးနော် ဗလာဗလာဗလာ''

ပြောပြီးပြောင်ပြကာရေချိုးခန်းထဲအမြန်ဝင်သွားလိုက်သည်။

''ဟေးး အဲ့လိုလုပ်လို့မရဘူးနော်။ဝေရီဘဲမနေ့ကကတိပေးထားတယ်လေ။ဒီနေ့ကိုကိုနဲ့အတူလိုက်ခဲ့မယ်ဆို မရဘူးနော် လိုက်ခဲ့ရမယ်။ရေမိုးချိုးအဝတ်စားလဲပြီးဆင်းခဲ့။ကိုကိုအောက်ထပ်မှာစောင့်နေမယ်။''

ဝေရီဘာမှပြန်မဖြေမိ။ပြောစရာစကားရှိမနေတာဆိုလျှင်ပိုမှန်မည်။နောက်တစ်ကြိမ်ကျဆင်းလာသောမျက်ရည်စတေ ဝေရီမုန်းသည်။ပျော့ညံ့လွန်းတဲ့ကိုယ့်ကိုယ်ကိုမုန်းသည်။ကိုယ်နဲ့မိသားစုသာသိသောလျှို့ဝှက်ချက်ကြီးကိုပြန်မစဉ်းစားချင်။ဝေရီ့မိဘအရင်းတေကရော ဝေရီဒီလိုမျိုးမွေးဖွားလာလို့စွန့်ပစ်ခဲ့ကြတာလား။ကျဆင်းနေတဲ့မျက်ရည်စတေကိုမသုတ်ပစ်မိ ဘယ်သူမှမြင်တာမှမဟုဘဲ။မှန်ထဲ၌မြင်နေသောကိုယ့်ပုံရိပ်ကိုကြည့်နေမိသည်။

မောင့်ဝေရီWhere stories live. Discover now