ရယ်စရာကောင်းလိုက်ပုံများငယ်ငယ်က ငါက
တစ်ကမ္ဘာလုံးမှာ စိတ်ထားအကောင်းဆုံးလူတစ်ယောက်လို့ ကိုယ်တိုင် ခံယူခဲ့ဖူးတယ်
လူတွေက ငါ့အပေါ်ရက်စက်တောင်
စိတ်ထားကောင်းပေးနိုင်လို့တဲ့
ဒါပေမယ့် အသက်ရလာတာနဲ့အမျှ ငါက စိတ်ထားပြည့်၀တဲ့သူတစ်ယောက်မဟုတ်သလို
ကိုယ့်ကိုချစ်ပေးတဲ့သူကိုတောင်
နာကျင်စေမိတဲ့အမှိုက်လေ
ငယ်ငယ်က ငါနဲ့ အခုငါ သာ တွေ့ခဲ့ကြရင်
အတိတ်ကငါက ငါ့ကိုငိုယိုပြီး စိတ်ပျက်စွာ
ငူငူငိုင်ငိုင် စိုက်ကြည့်နေတော့မှာပါ
