လူတိုင်းမှာ အိပ်မက်ဆိုတာရှိကြတယ်မဟုတ်လား ငါ့မှာလည်း ငါဖြစ်ချင်တဲ့ရည်မှန်းချက်တွေဆိုတာရှိတယ်
နောက် ဆယ်နှစ်အကြာမှာ ငါက ငါကြိုက်တဲ့ Brand ရဲ့ ၃ သောင်းကျော် ၂သောင်းကျော်တဲ့
အတုလေးတွေလိုက်၀ယ်သုံးနေရတဲ့
ဆယ်ကျော်သက်တစ်ယောက်မဟုတ်တော့ပဲ အစစ်တွေ၀ယ်နိုင်နေတဲ့
လူတစ်ယောက်ဖြစ်နေချင်တယ်
ငါ့ရဲ့ Apperance ကိုလိုက်ဝေဖန်ပြီး
စာမတော်လို့ ရှုံ့ချကြတဲ့လူတွေကိုလည်း
နောက်ဆယ်နှစ်အကြာမှာ ငါက သူတို့လိုက်မမှီနိုင်တဲ့အနေအထားရောက်နေကြောင်းပြချင်တယ်
ငါသဘောကျရတဲ့နေရာတွေ
ငါ လိုချင်တဲ့ ကားတွေ
စျေးနှုန်းတွေကို ဂရုမစိုက်ပဲ သွားနိုင်၀ယ်နိုင်တဲ့အနေအထားမျိုးရောက်ချင်တယ်
ငါ့မိသားစုကို ငွေကြေးပူပင်စရာမလိုအောင်ထားပေးနိုင်ချင်တယ်
ငါ့ချစ်သူကို အပူအပင်ကင်းကင်းနဲ့
ကောင်းမွန်တဲ့ဘ၀လေးမှာထားပေးချင်တယ်
ငါချစ်သူ ငါ့ကိုအရာရာမှာ
အားကိုးလို့ရတဲ့ပုခုံးတစ်စုံဖြစ်ချင်တယ်
ငါ၀တ်ချင်တဲ့ style
ငါရဲ့ပြောဆိုပြုမှုဆက်ဆံပုံကို ဟန်ဆောင်နေစရာမလိုပဲ
ငါ့ပုံစံအစစ်အမှန်တိုင်း ငါနေချင်တယ်
ငါ့အမတွေကအမြဲတမ်းပြောတယ်
ချမ်းသာတဲ့အမျိုးသားကိုသာ ရှာပြီးယူပါတဲ့ အမတို့သိလား ညီမက ဘယ်သူ့အပေါ်မှမမှီခိုပဲ ချမ်းသာတဲ့သူဖြစ်မှာ
ငါ့အမအကြီးဆုံးဖြစ်သူကပြောတယ်
အသက် ၁၈ နှစ်ပဲရှိနေသေးပေမယ့်
တစ်ချို့နေရာတွေမှာရင့်ကျက်နေပြီး
လူကြီးတစ်ယောက်လိုဖြစ်နေလို့
တစ်ခါတစ်လေမှာ မျက်ခုံးပင့်မိတယ်တဲ့
ဒါပေမယ့် ငါကလိုအပ်ချက်တွေအများကြီးရှိနေပြီး စိတ်ဓာတ်မရင့်သန်တဲ့ သာမာန်ဆယ်ကျော်သက်တစ်ယောက်အဖြစ်နဲ့ပဲဆက်ရှိနေတုန်းပါ တစ်ချိန်ချိန်မှာတော့ ငါဖြစ်ချင်တဲ့ဘ၀လေး ငါရမယ်လို့မျှော်လင့်ပါတယ်