စိတ်ကိုအေးချမ်းစေသောအကြည်ဓါတ်ကလေးဆိုတာ နေကြာပဲပေါ့။ဘယ်လိုသောစိတ်ရှုပ်ထွေးမှုမျိုးကိုမဆို အေးချမ်းစေနိုင်သောအစွမ်းပိုင်ရှင်လေး။ တွယ်တာရသော လွမ်းဆွတ်ဖွယ်လေး။ အိပ်မက်ထဲက အိပ်မက်လေး။
ဘယ်လိုရာသီဥတုမှာမဆို နေကြာရှိရင်
မောင်ကအဆင်ပြေတယ်။
လောကဓံတွေဆိုတာကလည်း မြူတွေလိုပဲ။
လွင့်ပါးပျောက်ကွယ်။
နေကြာနဲ့ဆိုရင် မပျော်ဘူးဆိုတဲ့နေရာ
မရှိပါဘူးအချစ်ရယ်။