"သား မနက်ကျရင် လေဆိပ်မှာ သားငယ်လေးကိုသွားကြိုပေးပါအုံး"
ဧည့်ခန်းထဲတွင်ထိုင်ကာ TV ကြည့်နေတဲ့ ဟီဆွန်းဆီသို့ မာမီကအသီးပန်းကန်ကိုင်ကာဝင်လာရင်း မနက်ကျလေဆိပ်တွင် မာမီ့သူငယ်ချင်း၏သားဖြစ်သူအားသွားကြိုပေးရန်ပြောလာသည်။
"ဟာဗျာ မနက်ဖြန် ညနေဂျူတီမလို့ မနက်စောစောမထပဲအိပ်မလို့ပါဆို"
"စောစောမထရပါဘူး လေယာဥ်က၈မှဆိုက်မှာ ၇ခွဲလောက်ရောက်အောင်သွားရင်ရပြီလေ"
"မာမီမသိပါဘူး လမ်းမှာကားတွေကအရမ်းပိတ်တာ တစ်နာရီလောက်စောထွက်မှရတာ အဲလိုဆို ၆လောက်ကတည်းကနိုးမှရမှာ"
ဟီဆွန်းက ပန်းကန်ထဲမှစပျစ်သီးတစ်လုံးကိုကောက်ဝါးရင်း မကျေမနပ်အသံဖြင့်ပြောတော့ မာမီကခေါင်းတခါခါဖြင့်သာသူ့ကိုကြည့်နေပါ၏။
"သွားကြိုပေးပါသားရယ် သားငယ်လေးက ငယ်ငယ်ကတစ်ခါပဲဒီကိုရောက်ဖူးတာ ဒီကနေရာတွေသူဘာမှသိတာမဟုတ်ဘူး တစ်ယောက်တည်းလာခိုင်းလို့ကလည်းမကောင်းဘူးလေနော်"
"ဟုတ်ပြီဗျာ ကြိုပေးမယ်ရပြီလား"
သူလက်ခံလိုက်မှ မာမီ့မျက်နှာကတောက်တောက်ပပပြုံးတော့သည်။သူကတော့မပြုံးနိုင်ပါ။မနက်ကျအစောကြီးထရမည့်အပြင် ဒီညလည်းဖတ်စရာစာတမ်းတွေရှိနေတာမလို့ စောစောအိပ်၍မရနိုင်။
.......
"မာမီ့ကလေးလေးက လေယာဥ်ပေါ်ပါလာတာသေချာလို့လားဗျာ"
ဟီဆွန်းတစ်ယောက် မာမီပြောသည့်အတိုင်း လာကြိုသော်လည်း ထိုကလေးလေးဟူသောကောင်လေးကိုမတွေ့ပေ။
"မာမီပြလိုက်တဲ့ပုံထဲကနဲ့တူတဲ့သူတောင်မတွေ့ဘူး အခု၉နာရီတောင်ထိုးနေပြီ ကျွန်တော်စိတ်မရှည်..."
"တဆိတ်လောက်ဗျ"
ဖုန်းပြောနေတုန်း သူ့နောက်မှနေ၍လူတစ်ယောက်က ပခုံးပုတ်ကာခေါ်လာသည်မို့ လှည့်ကြည့်လိုက်တော့ တကိုယ်လုံး အနက်ရောင်အဝတ်အစားများကိုဝတ်ထားသောလူတစ်ယောက်ကိုတွေ့လိုက်ရ၏။လက်တွင်လည်းခပ်ကြီးကြီး laggage နှစ်လုံးကိုတစ်ဖက်စီကဆွဲထားသေး၏။
![](https://img.wattpad.com/cover/353554734-288-k453583.jpg)
YOU ARE READING
Deep Beat!
Romance"ကိုကို အခုလိုတွေဆက်ပြောနေရင် ကျွန်တော် နှလုံးရောဂါရသွားလိမ့်မယ်" "စိတ်မပူနဲ့ ငါကုပေးမယ်"