သပြေပင်တန်းကြီးများကိုအလယ်ဗဟိုထား၍ တည်ရှိနေသော အ.ထ.က.(မြိတ်)ကျောင်းတော်ကြီး။
"မြန်မြန်လျှောက်ကြရအောင် လာ"
"ဟဲ့ဟဲ့ ဟိုမှာဆရာမနွမ်းရိပ်ညို"
"အေး ဆရာမခြင်းဆွဲကူရအောင်"
"လာငါတို့ခြင်းသွားဆွဲကူရအောင်ဆရာမပါရင်ကျောင်းနောက်ကျလည်းကိစ္စသိပ့်မကြီးဘူး"
"ဘာလဲနင့်အကြံကြီးက"
"စတာပါအေ"
အကြံနက်ကြီးဖြင့် ကျောင်းသူသုံးဦး။ချစ်စရာပါလေ။
"ဆရာမနွမ်းရိပ်"
"ကလေးတို့ရယ် ရောက်တော့မယ်ကိုလှည့်လာရတယ်လို့"
"သမီးတို့ကဆရာမခြင်းတောင်းကိုဆွဲကူမလို့ပါရှင့်"
"လိမ္မာကြတာ"
"မယုံနဲ့နော်ဆရာမ တုံးတုံးမက ဆရာမပါရင်ကျောင်းနောက်ကျလည်းကိစ္စမရှိဘူးတဲ့။သူကျောင်းနောက်ကျတာကို ကာဖို့ဆရာမကိုကပ်တာ"
"မဟုတ်ပါဘူး နင်တို့ရောနော် ယမင်းနဲ့စံစံ"
"ကဲ...ရှင်လေးတို့က ကျွန်မကိုအကြံနဲ့ကပ်တယ်ပေါ့။ဒုတ်စာမိတော့မယ်နော်"
နွမ်းရိပ် စလိုက်ခြင်းသာ။ထိုကလေးတို့နွမ်းရိပ်အပေါ်ထားတဲ့စတေနာကိုသိပေါ့ရှင်။
"အတန်းဝင်ကြတော့နော် လွယ်အိတ်သေချာထား နိုင်ငံတော်သီချင်းဆိုဖို့ကို မလောကြနဲ့နော်"
ကျောင်းတက်ခေါင်းလောင်းသုံးကြိမ်ပြည့်၍ မြန်မာနိုင်ငံတော်သီချင်းကို ကျောင်းသူကျောင်းသားများအားနက်ထည့်ဆိုကြသည်။ငြိမ်သက်သောနံနက်ယံမှာ ထိုသီချင်းဖြင့် ဝန်းကျင်တစ်ခွင့်ကိုပျံစေသည်။
ထိုပြီးနောက် ကလေးများဘုရားစာရွတ်ကြရသည်။ဘုရားရှိခိုးကြပါတော့သည်။
နွမ်းရိပ်ကတော့လိုက်ကြည့်ရတာပေါ့ရှင်။တစ်ချို့ကလေးတွေစကားခိုးများမှာကြောင့်လေ။အတန်းရှေ့၌ ကျောင်းအုပ်ဆရာမကြီးဖြစ်သူ ဒေါ်ခင်ဆန်းဝင်းသည် နွမ်းရိပ်ကိုလက်ရမ်းခေါ်သည်။အရေးအကြောင်းရှိပါလိမ့်မည်။