ကျောင်းဆင်းအချိန် အိမ်ရောက်ခိုက်ပေါ့။တစ်နေ့လုံးကတော့စာသင်းရင်းပင် အထွေအထူးမရှိခဲ့။နေရာအသစ်ဆိုပေမယ့် ကျောင်းဆရာမတစ်ဦးအတွက်ကတော့ စာသင်ရင်းအချိန်ကကုန်မှန်းမသိကုန်ခဲ့တယ်လေ။
ယခုလည်း အိပ့်ခန်းကအခန်းကျယ်ကြီးတစ်ခန်းထဲ၌ကုတင်နှစ်လုံးပင်။မနွမ်းရိပ်ကတော့ စာရေးစားပွဲ၌ ကလေးတွေရဲ့မှတ်စုကိုအမှတ်ခြစ်နေလေရဲ့။မေဟန်ကတော့ တစ်ဖက်မိမိကုတင်ပေါ်ထိုင်လျက်ပင်။
"မနွမ်းရိပ် "
"ပြောလေ မေဟန်"
"မေဟန် ကျောင်းပိတ်ရက်ရောက်ရင် လိုအပ်တဲ့ပစ္စည်းလေးတွေသွားဝယ်ချင်လို့လေ။မနွမ်းရိပ်ကိုအကူအညီတောင်းချင်တာရယ် ။
ဒီမြို့ကလမ်းတွေကိုလည်းမကျွမ်းကျင်နေဘူးလေ""ကောင်းတာပေါ့။နွမ်းရိပ်လိုက်ပို့မယ်လေ။မဟုတ်လည်းကျောင်းပိတ်ရက်ကို သဇင်တို့ဆီလည်းဝင်မလို့လေ။အမေနန်းမြူကိုလည်း ချည်ထိုးဝင်ပေးရမယ်ဆိုတော့ သွားကြတာပေါ့"
မနွမ်းရိပ်ဟာသူမအမှတ်ခြစ်နေသည်ကိုရပ်၍ ကျွန်မကိုသေချာချာလေးပြောနေတယ်။ခြေတစ်ဖက်အပေါ်ခြေတစ်ဖက်ချိတ်ထားပုံလေးကလည်းတစ်မျိုးလှနေပြန်တယ်။မနွမ်းရိပ်ကမိန်းမသားဆန်ဆန်လှသည်။ကျွန်မကတော့ ခေတ်ပေါ်မိန်းကလေးတစ်ယောက်နှယ်။ဆရာမတစ်ဦးဖြစ်သည်မို့အရိုင်းပုံစံကင်းသည်။ကျွန်မကတော့ အိမ်မှာနေရင်ချည်ဘောင်းဘီပွပွလေးတွေ။ကာတွန်းစုံလေးသာဝတ်များသည်လေ။အမြဲတမ်း ထဘီဝတ်တဲ့မနွမ်းရိပ်တော့ကွာပါ့။
"နွမ်းရိပ်...."
အိမ်ရှေ့မှယောက်ျားတစ်ဦး၏ ခေါ်သံ။နှစ်ဦးစလုံး၏အကြည့်တို့က အိမ်တံခါးဆီဝယ်။
"ဧည့်သည်လာတယ်ဖြစ်မယ်မနွမ်းရိပ်"
"ဆရာမိုးကျော်ထင်တယ်"
မနွမ်းရိပ်ကထိုသို့ပြန်ပြော၍ ထသွားသည်။မေဟန် ကတော့ဘာမှမပြောကုတင်မှထ၍မနွမ်းရိပ်အနောက်မှမကွာလိုက်မိသည်။
ခြံတံခါးအပြင်၌ နောက်ကျောဘက်ကိုသာမြင်နေရသည့် အရပ်မြင့်မြင့်ကျောပြင်ကျယ်ကျယ်ယောက်ျားသားတစ်ဦး။ယွန်းလုံချည်နှင့်အင်္ကျီအဖြူဟာ ထိုလူ၏သန့်ပြန့်မှုကိုပေါ်လွင်စေသည်။