ညကမိုးကလေးတစ်ဖြိုက်ဖြိုက်ရွာခဲ့သောကြောင့် အာရုံတက်ချိန်အိမ်ပြင်ထွက်သည်နှင့် ရာသီအေးအေးလေး၊မြေသင်းမွှေးမွှေးလေး စသဖြင့်ခံစားရခဲ့သည်။နံနက်ဝေလီဝေလင်းထ၍ လှုပ်ရှားရသည်ကအတော်ကောင်းသည်။
"မေဟန် အထဲမှာယူစရာတွေရှိသေးလား"
"ဟင့်အင်း မရှိတော့ဘူးမနွမ်းရိပ်"
၅နာရီပင်လမ်းထွက်လျှောက်ကြမည်ဖြစ်သည်။ခြံတံခါးသော့ခတ်၍ အတူလျှောက်ထွက်လာကြသည်။နံနက်ဝေလီဝေခေါင်အချိန်ဖြစ်တာမို့ အေးစိမ့်စိမ့်နှင့်ညဓာတ်တိုင်မီးတို့ကသာစိုးမိုးနေလေသည်။
"ဘယ်အထိလျှောက်မှာလဲမနွမ်းရိပ်"
"ဒီကနေစလျှောက်ရင်စျေးဘက်ကိုပတ်မယ် ထိုင်နေကျလက်ဖက်ရည်ဆိုင်က နံနက်စာကိုမုန့်ဟင်းခါးရောင်းတယ်လေ။
အဲ့ကျ၆နာရီခွဲလောက်ရှိမှာအဲ့ဆိုအိမ်ပြန်လာပြင်ဆင်တာနဲ့ကွက်တိပဲ့"မနွမ်းရိပ်ဟာသွားချိန်ပြန်ချိန်ကို ကွက်တိတွက်ချက်နေတယ်။မဟုတ်မှလွှဲရော။
"နွမ်းရိပ်အရင်ကသဇင်နဲ့အတူလျှောက်ဖြစ်နေကျလေ။အဲ့တော့သိနေတာ မအံ့ဩစေချင်"
ထိုစကားကြောင့်လမ်းလျှောက်နေသည်မှ မနွမ်းရိပ်ကိုကြည့်ကာရီလိုက်မိသည်။
"စိတ်တွေကိုများထွင်းဖောက်မြင်နိုင်သလားမေးရမယ်"
"စိတ်တွေကိုလား အင်း..။ဖောက်မြင်နိုင်နေတယ်။မေဟန့်စိတ်ကိုပိုပိုသာသာမြင်နေရတယ်"
"မနွမ်းရိပ်ကတော့နောက်ပြီ"
လျှောက်နေရင်းပင် မေဟန်တတိယအကြောက်ရဆုံးဖြစ်စဥ်။ဘာလဲဆိုတော့ အရှေ့ခန့်လှမ်းလှမ်းမှ လမ်းဘေးခွေးဝါတစ်ကောင် ။အိပ့်နေရင်းမှ ထထိုင်ကြည့်နေပြန်တယ်။အဲ့လို ခွေးတွေလာစိုက်ကြည့်ရင် အခန့်မသင့်ဝင်ကိုက်တတ်သည်လေ။ကယ်ကြပါ။
မနွမ်းရိပ်၏လက်မောင်းအနွေးထည်အစွန်းလေးကို လက်ညိုးနှင့်လက်မ ပိစိကလေးဆိတ်ဆွဲ၍ကပ်လိုက်နေမိသည်။
"မေဟန် ဘာဖြစ်လို့လဲ"
"ဟို ဟိုမှာခွေးကြီး မေဟန်တို့ကိုကြည့်နေတယ်။"