"နွမ်းရိပ် ဆိုင်ကယ်အပြင်ထုတ်ထားလိုက်မယ်။
မေဟန်ပြီးရင်ထွက်ခဲ့နော်။ခြံတံခါးသော့ပါယူခဲ့ပေး"
"ရတယ်မနွမ်းရိပ် မေဟန်ယူခဲ့မယ်။ဇစ်ကလေးဆွဲတင်ရုံပဲ့"
"ဟင်"
"အယ်..သွားပြီ"
မိမိ၏ ထိပ်ကိုရိုက်ကာမျက်နှာပျက်မိသည်။ဘယ့်နှယ်ငါဘယ်လိုတောင် ယောင်ပြီးထွက်လိုက်တာလဲ။အမလေးရှက်လိုက်တာ။အသံမကြားရသောကြောင့် မနွမ်းရိပ်မရှိတော့မည်။
အိမ်တံခါးကိုသေချာပိတ်ကာထွက်လာလိုက်တယ်။မနွမ်းရိပ်ကတော့ ဆိုင်ကယ်ပေါ်မှာ စောင့်နေလေရဲ့။အနားကိုသွားတော့ အဖြူရောင်ဆိုင်ကယ်ဦးထုပ်လေးလှမ်းပေးတယ်။မကြည့်ဖြစ်လိုက်ပါဘူးသူ့မျက်နှာကို။
ထဘီဝတ်ထားသည်မို့ ဘေးတစောင်းလေးထိုင်လိုက်တယ်။မနှေးမမြန်သေးနှုန်းနဲ့မောင်းထွက်လာခဲ့ပြီ။
သိပ့်ကြာကြာမမောင်းလိုက်ရဘူး။ဆရာမနန်းသဇင်အိမ်ကိုရောက်တာပဲ့။လူခေါ်ခေါင်းလောင်းလေးတီးခါက ပြုံးပြုံးကြီးနဲ့ထွက်လာရှာတယ်။
"ရောက်လာကြတာကွက်တိပါပဲ့လားဆရာမတို့ရဲ့။"
ပြုံးရွှင်စွာပြောလိုက်သည့် နန်းသဇင်။
"ကွက်တိဆိုမှဘာကိုပြောတာလဲ။
အချိန်တောင်အတိအကျမပြောထားဘဲနဲ့"
"မုန့်လုပ်မို့လေ ။တုံးတုံးတို့နဲ့ပစ္စည်းတွေသွားဝယ်ပြီးပြန်ရောက်တာနယးရုံပဲ့သေး။
ရောက်လာလို့ကွက်တိပြောတာ"
စကားလည်းပြောတံခါးလည်းဖွင့်နှင့်ပင်။
"အမမေဟန်အိမ်ထဲဝင်ပါဦးရှင်"
ပြုံး၍ ခေါင်းငြိမ့်တုန့်ပြန်လိုက်မိတယ်။ခြံထဲမှာ နှင်းဆီအနီချည်းသီးသန့်စိုက်ထားတာကိုတွေ့ရတယ်။တော်တော်များများကိုပါပဲ့။တခြားပန်းပင်ဆိုတာတစ်စိုးမျှမရှိ။သက်တမ်းအနည်းငယ်သာရှိဦးမယ့် ဗန်ဒါပင်ကြီးကအရွက်လှလှအခက်ထွားထွားနှင့်ပင်။ပင်စည်အရင်းမှာတော့ ဗန်ဒါရွက်ခြောက်တစ်ပုံစုနေတယ်။