အပိုင်း(၂)

370 22 1
                                    

Unicode

အပိုင်း - ၂ (နယ်စပ်စောင့်စစ်တပ်)

ကျုယွင်ကျင်သည် သူ၏နှုတ်ခမ်းတွင် ကျေနပ်ပြုံးတစ်ခုချိတ်ဆွဲလျက် အကျဥ်းထောင်ထဲမှ ထွက်လာသောအခါ ဝမ့်ကျိုသည် တစ်ချက်ကြည့်ရုံဖြင့် အရှင့်သား၏ဆန္ဒများအမှန်တကယ်ဖြစ်လာသည်ကို သိလိုက်၏။ သူသည်လည်း ပျော်ရွှင်သွားခဲ့သည်။ အရှင့်သား မပျော်မရွှင်ဖြစ်ပါက ကျလာသောဖရဲသီးများကိုစားရသူမှာ သူတို့အစေခံများသာဖြစ်ပေလိမ့်မည်။ အရှင့်သား စိတ်ပျော်ရွှင်နေမှသာ သူတို့လည်း ကောင်းမွန်သောဘဝ ရနိုင်ပေလိမ့်မည်။

[T/N : ကျလာတဲ့ဖရဲသီးစားတယ်ဆိုတာက ကိုယ်နဲ့မသက်ဆိုင်တဲ့ ကိစ္စတစ်ခုမှာ ပါဝင်မိသွားပြီး ဒုက္ခရောက်ရတာကို ဆိုလိုတာပါ။]

သာ့လီအကျဥ်းထောင်အရာရှိများသည် အိမ်ရှေ့စံမင်းသား၏ ရထားလုံးဆီသို့ ရိုကျိုးစွာ လိုက်ပါပို့ဆောင်ကြသည်။ ရထားလုံး ပေါ်မတက်မီ ကျုယွင်ကျင်သည် သူ့ရှေ့ရှိ ဒူး ထောက်နေသော ထောင်စောင့်များအားကြည့်ကာ လေးနက်သောအသံဖြင့် သတိပေးလိုက်သည်။

"ငါကိုယ်တော် ဒီကိုလာတဲ့ကိစ္စ... မင်းတို့ အပြင်မှာ လျှောက်ပြောခွင့်မရှိဘူး။"

တစ်ဖက်လူက ခေါင်းငုံ့ကာ ပြောလိုက်၏။

"အရှင့်သား၊ စိတ်ချပါ။ ကျွန်တော်မျိုးတို့မပြောဝံ့ပါဘူး။"

ရထားလုံးသည် အဝေးသို့ ထွက်သွားပြီး မြေပြင်ပေါ်ဒူးထောက်နေသော အရာရှိများမှာ ထိုရထားလုံး ပျောက်ကွယ်သွားသည်အထိ မထခဲ့ကြပေ။ ဆောင်းတွင်းအလယ်တွင် သူတို့အားလုံးသည် ချွေးတဒီးဒီးထွက်နေကြပြီး မည်သည်တို့ဖြစ်ပျက်ခဲ့သည်ကို သိချင်နေကြသည်။

ရထားလုံးထဲတွင် ကျုယွင်ကျင်သည် မျက်လုံးမှိတ်ကာ အနားယူနေပြီး ဝမ့်ကျိုအားစကား ပြောနေသည်။

"ပြီးရင် မြို့စားမင်းရဲ့အိမ်တော်ကို စာပို့ဖို့အတွက် တစ်ယောက်ယောက်ရှာထား.. အဲ့ဒီကလေး ရှဲ့ရွှမ်းမင်ကို ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဖြေရှင်းဖို့အတွက် ဒီမင်းသားကို ကူပေးဖို့ ပြောလိုက်။"

နန်းမြို့တော်မှအကြင်နာသစ္စာ[BL]Where stories live. Discover now