Unicode
အပိုင်း - ၅ (ရုပ်ပျက်ဆင်းပျက်ဖြစ်သော)
ညနေပိုင်းတွင် ဧကရာဇ်ကျောက်ယမ်က စစ်ရေးခရီးမှ ပြန်လာသော စစ်သည်များကို ချီးမြှောက်နှစ်သိမ့်ရန်အတွက် စစ်အောင်ပွဲအား လုံအဲန်းခန်းမတွင် ကျင်းပခဲ့သည်။ မင်းညီမင်းသားများ၊ စစ်ဘက်ဆိုင်ရာအရာရှိများ၊ ဝန်ကြီးများနှင့် အခြားသောစစ်သည်များကိုလည်း ပါဝင်စေခဲ့သည်။
ထိုထဲမှ အချောဆုံးသူကတော့ ဟယ့်ဟွိုင်လင် ဖြစ်၏။ အရှင်ကျောက်ယမ်က သူ့ကို ချီးမွမ်းနေခဲ့သည်။ သို့သော် ဟယ့်ဟွိုင်လင်အပေါ် သူ၏ သဘောကျနှစ်သက်ခြင်းအပြင် သူ့ထံ၌ ထိုကဲ့သို့ အလားအလာရှိသည့် သားတော် မရှိသည့်အချက်အား ပူဆွေးနေမိတော့သည်။ နေ့ခင်းပိုင်းတွင် အောင်ပွဲခံစစ်တပ်အတွင်း၌ ချီးမြှင့်ခံရထိုက်သော သူများကို ဆုချီးမြှင့်ရန်နှင့် ၎င်းတို့အား ရာထူးတိုးမြှင့်ရန်အတွက် တော်ဝင်အမိန့်ထုတ်ပြန်ခဲ့သည်။ ဟယ့်ဟွိုင်လင်ကိုမူ တင်းယွမ်မြို့စားဘွဲ့ ပေးအပ်ခဲ့သည်။ ၎င်းရာထူးနှင့်တကွ မြို့စားအိမ်တော်၊ ငွေတုံးတစ်ထောင်နှင့် စိုက်ပျိုးမြေ ဧကထောင်ချီကိုလည်း ချီးမြှင့်ခဲ့သေးသည်။
ကျုယွင်ရွှမ်သည် ကျုယွင်ကျင်၏ဘေးတွင်ထိုင်ကာ သစ်သီးဝိုင်သောက်ရင်း မေးကိုင်ကာ တစ်ဖက်ခြမ်းမှ ကျုယွင်ရွှင်ကို တီးတိုးတီးတိုးပြောနေသည့် ဟယ့်ဟွိုင်လင်ကို ကြည့်လိုက်သည်။ ခဏအကြာတွင် သူက ရယ်မောကာ ကျုယွင်ကျင်အား “ဒီစစ်သူကြီးက တကယ့်ကို ထူးချွန်ပြောင်မြောက်တဲ့သူတစ်ယောက်ပဲ။ သူက ခက်ထန်ကောင်းခက်ထန်နိုင်ပေမယ့် ရဲစွမ်းသတ္တိရှိတဲ့ သူရဲကောင်းပဲလေ။ အဲ့ဒီကောလဟာလတွေက ဘယ်လို ပျံ့နှံ့သွားတာပါလိမ့်?”
ကျုယွင်ကျင်က ကျုယွမ်ရွှမ် ကို မျက်လုံးမှေးကြည့်လိုက်ပြီး “ဘာလဲ? မင်း သူ့ကို စိတ်ဝင်စားနေလို့လား?”
ကျုယွင်ရွှမ်က “ကောင်းပါပြီ။ တော်ဝင်အစ်ကိုတော်ရယ် ကျွန်တော်ကအကိုတော့်လိုမဟုတ်ပါဘူးနော်။ နောင်မှာ တုနှိုင်းမမီအောင် လှပတဲ့ တော်ဝင်ကိုယ်လုပ်တော်တစ်ယောက်နဲ့ လက်ထပ်မှာ ပြီးတော့လည်း အဲ့ဒီသူက အမျိုးသမီးပဲ ဖြစ်ရမယ်!”
YOU ARE READING
နန်းမြို့တော်မှအကြင်နာသစ္စာ[BL]
Historical FictionTitle-皇恩浩荡 [The Emperor's Grace] Author (s)-白芥子/Bai Jiezi Status in COO-65chapters