(၃.၂)

170 10 0
                                    

[Unicode]

ရွှီရှစ်ရှန်က ပြောပြီးသည့်နောက် လက်မြှောက်လိုက်ကာ သူ၏ခါးပတ်အား ဖြည်းညင်းစွာ ဖြည်လိုက်လေသည်။ ကျုယွင်ကျင်သည် သူ၏လှုပ်ရှားမှုများအား မျက် တောင်မခတ်ပဲ စိုက်ကြည့်နေသည်။ ၎င်းမှာ သူ၏ဆန္ဒအတိုင်း ဖြစ်မြောက်တော့မည်မှာ သိသာနေသော်လည်း သူသည် လုံးဝမပျော်ရွှင်နေပါချေ။ ရွှီရှစ်ရှန်၏ အမူအရာမှာ လိုက် လျောညီထွေရှိသော သဘောထားအား ပြသရန် မဆိုထားနှင့် ရက်ရောလှသည့် စတေးခံမှုသာ ဖြစ်နိုင်ပေသည်။

အဲ့လောက်တောင် စိတ်မသက်မသာဖြစ်စေတာလား?

တံခါးမှာ ကန်ဖွင့်ခံလိုက်ရသည်။ ကျုယွင်ကျင်မှာ ဒေါသတကြီး အလျင်အမြန်ထွက်ခွာသွားလေသည်။ တံခါး၌ စောင့်ကြပ်နေသော ဝမ့်ကျိုသည် ထိတ်လန့်သွားပြီး သူ့နောက်သို့ ခပ်မြန်မြန်လိုက်သွားခဲ့သည်။

"အရှင်၊ ဘာများဖြစ်လို့ပါလဲ?”

ကျုယွင်ကျင်သည် လျှောက်လမ်းရှိ ကြမ်းပြင်မှ မျက်နှာကျက်ထိရှိသော ပန်းအိုးအား ကျယ်လောင်စွာ ကန်ကျောက်လိုက်သည်။ ပန်းအိုးမှာ ကြမ်းပြင်၌ အစိတ်စိတ်အမြွှာမြွှာကျကွဲသွားခဲ့လေသည်။

ဝမ့်ကျိုထိတ်လန့်သွားပြီး ချက်ချင်းပင် သူ့အား ထိန်းထားလိုက်သည်။

"အရှင်၊ ဂရုစိုက်ပါ! ထိခိုက်သွားနိုင်ပါတယ်!"

သူ အချက်ပြလိုက်သောအခါ သူ့နောက်မှ အစေခံအနည်းငယ်မှာ ထိုရှုပ်ပွသွားသောကြမ်းပြင်အား သန့်ရှင်းရန် ရှေ့ထွက်လာကြသည်။ ကျုယွင်ကျင်မှာ ဒေါသထွက်နေဆဲဖြစ်ပြီး သူ၏မျက်လုံးထဲတွင် တစ်ယောက်ကိုမှ စိတ်တိုင်းကျမနေချေ။

"ထွက်သွား! မင်းတို့အားလုံး ငါ့ရှေ့ကနေ ထွက်သွားကြစမ်း!"

ဝမ့်ကျိုသည် အလျင်အမြန်ပင် လူများကို နောက်ပြန်ဆုတ်စေလိုက်သည်။ သူသည် ခပ် ဝေးဝေးမသွားဝံ့ဘဲ လျှောက်လမ်းအပြင်၌ စောင့်နေခဲ့သည်။ ခဏကြာပြီးနောက် သူသည် ကျုယွင်ကျင်မှ စိတ်ဆိုးမာန်ဆိုးအသံဖြင့် ခေါ်လိုက်သည်ကို ကြားလိုက်ရသည်။ “ဝမ့်ကျို!”

နန်းမြို့တော်မှအကြင်နာသစ္စာ[BL]Where stories live. Discover now