__________________________________________အပိုင်း(၁၈)(ခင်ဗျားနဲ့ မတူဘူး)
__________________________________________ယနေ့ ရာသီဥတုသည် အုံ့မှိုင်း၍ နေလေ၏။
မှိုင်းညို့တျာချီသည် အိမ်ပြန်ဖို့ရာ ခြံရှေ့သို့ ရောက်နေပြီ ဖြစ်သည့်တိုင် အိမ်ကို ဘယ်လို၊ဘယ်ပုံ ပြန်ရမည်မှန်း မသိပေ။
ဘာနဲ့ ပြန်ရမှာလဲ။
သူ့တွင် ပိုက်ဆံလည်း မရှိပေ။
ထိုစဉ် မီးဆိုသည့် မိန်းမသည် သူမ၏ ခြံထဲမှ ထွက်လာလေ၏။သူမအား မြင်သည့် အခါ မှိုင်းညို့ အလိုလို မျက်မှောင်ကြုတ်မိလေ၏။
သူသာ အမြင်မမှားဘူး ဆိုလျှင် သူမ လည်ပင်းတွင် အညှစ်ခံထားရသည့် အရာကြီးပင် ရှိနေလေသည်။
အဟက်!၊သူတို့ ခပ်ကြမ်းကြမ်း ချစ်ခဲ့ကြတာပဲ။
မှိုင်းညို့ မျက်နှာ လွှဲလိုက်လေသည်။
ရွံတယ်။
ထို့နောက် လမ်းတစ်လျှောက် ပရမ်းပတာဖြင့် မောင်းနှင်လာသည့် ဆိုင်ကယ် တစ်စီးအား လမ်းအလယ်တွင် ပိတ်ရပ်ကာ တားလိုက်လေသည်။
ဆိုင်ကယ်သည် သူ ရှေ့တည့်တည့်တွင် ထိုးရပ်လာလေ၏။
"သေချင်နေတာလား!"
ဆိုင်ကယ်ပေါ်မှ လူသည် သူ့အား အော်ဟစ် ကြိမ်းမောင်းလာလေ၏။ဆိုင်ကယ်ဦးထုပ်ကို မှန်ချ၍ ဆောင်းထားသဖြင့် ထိုလူ၏ မျက်နှာအား သေချာ မမြင်ရပေ။သို့သော် ထိုလူသည် သူ့ထက် ငယ်ပေလိမ့်မည်မှာ အသေအချာပင်။ထိုလူ၏ အသံသည် မငြိမ်သေး။
လူပျိုပေါက်စလေး။
"ကလေး... အစ်ကို့ကို ကားဂိတ်ကို လိုက်ပို့ပေး"
တစ်ဖက်လူ၏ ခွင့်ပြုချက်ကိုပင် မရသေးပေ၊သူသည် ဆိုင်ကယ်ပေါ်တွင် ထိုင်ပြီးဖြစ်၏။
ထို့နောက် ထိုကောင်လေးသည် သက်ပြင်း တစ်ချက်ချကာ ဆိုင်ကယ်ကို မောင်းထွက်လိုက်လေတော့၏။
နောက်ကျောတွင် ကျန်ရစ်ခဲ့သည့် မီးဆိုသည့် မိန်းမအား မှိုင်းညို့ ဆိုင်ကယ်ဘက်ခ်မှန်မှ မြင်ရလေသည်။
တာ့တာပါ အပျက်မရေ။
သူ ကားဂိတ်သို့ ရောက်သည့်အခါ ဆိုင်ကယ်ပေါ်မှ ဆင်းလိုက်လေသည်။ထိုကောင်လေးသည်လည်း ဆိုင်ကယ်ဦးထုပ်ကို ချွတ်လိုက်လေ၏။
YOU ARE READING
လူလိမ် pro max(ongoing)
Roman d'amourအများကြီး မပြောတော့ပါဘူး😁။လူလိမ်လေးက ချောပါတယ်😁။